Connect with us

Hi, what are you looking for?

News

ရေစကြိုနယ် ​ရေလယ်ကျွန်းက ၅နာရီကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေ

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ၄၀ မမ လက်လုပ်များဖြင့် ပြန်လည်တိုက်ခိုက်ကာ စစ်ကောင်စီအကြမ်းဖက်သမား သုံးဦးကို ချေမှုန်းနိုင်ခဲ့သည်ဟု CDSOM က အသိပေးသည်။

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဆင်တဲရွာတွင်တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံး​ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ-CDSOMက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။

ရေလယ်ကျွန်းမဟာမိတ်အဖွဲ့များမှ စစ်ကူတောင်းသည့်အတွက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ဦးဆောင်၍ ပြည်သူ့တပ်မတော် (မြောင်)-MUA ၊ PDF-Taloke၊ MGN Rainger ၊နှလုံးလှလူမိုက်ကြီးအဖွဲ့ နှင့် Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ စသည့်မဟာမိတ်ညီနောင်အဖွဲ့များမှ စစ်ကူအင်အားအဖြစ် သွားရောက်ကာ တိုက်ပွဲတွင် ရေလယ်ကျွန်းအဖွဲ့များနှင့် ပူးပေါင်းပါဝင်ခဲ့သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၆ ရက်)တိုက်ပွဲသည် နေ့လည် ၁ နာရီခွဲမှ ညနေ ၆ နာရီအထိ ၅နာရီကြာမြင့်ခဲ့သည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ၄၀ မမ လက်လုပ်များဖြင့် ပြန်လည်တိုက်ခိုက်ကာ စစ်ကောင်စီအကြမ်းဖက်သမား သုံးဦးကို ချေမှုန်းနိုင်ခဲ့သည်ဟု CDSOM က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်ုပ်တို့ပစ်လိုက်သည့် ၄၀ မမသည် ရေးနွေးသောက်နေသည့် စစ်ကောင်စီအဖွဲ့ထံသို့ကျရောက်စေခဲ့သည်”ဟု CDSOMက ပြောသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွင် နောက်ထပ် စစ်ကောင်စီအကြမ်းဖက်သမား ခုနစ်ဦးအထိ ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်မှ စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခဲ့ပြီး လက်နက်ကြီးသုံးချက် ပြန်ပစ်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မြောင်မဟာမိတ်ကာကွယ်ရေးအဖွဲ့များ မရောက်ခင်အချိန်တွင် စစ်ကောင်စီအကြမ်းဖက်သမားများသည် ပြည်သူပိုင် ​နေအိမ်​လေးလုံးအား မီးတင်ရှို့ပြီး လူမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်