Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလ ကိုးလတာအတွင်း စစ်ကောင်စီတပ်သား ၉,၀၀၀ ကျော်သေ

ထို့အပြင် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများတွင် သေဆုံးသူ ၁,၇၆၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁,၀၄၇ ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၅,၃၀၁ဦးရှိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလ ကိုးလတာအတွင်း စစ်ကောင်စီတပ်သား ၉,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၂၇)ထုတ်ပြန်သည်။

ယမန်နှစ်(၂၀၂၁)ဇွန်လ ၁ ရက်မှ ယခုနှစ် ၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်သား ၉,၀၀၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃,၁၅၈ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများတွင် သေဆုံးသူ ၁,၇၆၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁,၀၄၇ ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၅,၃၀၁ဦးရှိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက် အလက်များမှာ သတင်းမီဒီယာပေါင်း ၄၀နှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းများကို ဆန်းစစ်လေ့လာစုဖော်ပြခြင်းဖြစ်ပြီး မြေပြင်ကိန်းဂဏန်းများသည် ယခုထက်ပိုနိုင်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။