Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလ ကိုးလတာအတွင်း စစ်ကောင်စီတပ်သား ၉,၀၀၀ ကျော်သေ

ထို့အပြင် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများတွင် သေဆုံးသူ ၁,၇၆၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁,၀၄၇ ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၅,၃၀၁ဦးရှိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလ ကိုးလတာအတွင်း စစ်ကောင်စီတပ်သား ၉,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၂၇)ထုတ်ပြန်သည်။

ယမန်နှစ်(၂၀၂၁)ဇွန်လ ၁ ရက်မှ ယခုနှစ် ၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်သား ၉,၀၀၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃,၁၅၈ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများတွင် သေဆုံးသူ ၁,၇၆၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁,၀၄၇ ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၅,၃၀၁ဦးရှိကြောင်း ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက် အလက်များမှာ သတင်းမီဒီယာပေါင်း ၄၀နှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းများကို ဆန်းစစ်လေ့လာစုဖော်ပြခြင်းဖြစ်ပြီး မြေပြင်ကိန်းဂဏန်းများသည် ယခုထက်ပိုနိုင်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်