Connect with us

Hi, what are you looking for?

News

ရေဦးမြို့တွင် ယနေ့ တိုင်းရင်းဆေးရုံဝင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်မှ ၉ဦးသေ

တိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၄၀ မမ ဗုံးသီး ခြောက်လုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရေဦးမြို့ရှိ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးသွားကြောင်း ရေးဦး(ပကဖ)က အသိပေး ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၇)နံနက်ပိုင်းက တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို YEU – PDF ၊ ရေဦး(ပကဖ)၊ ပလဖတော်လှန်ရေး အဖွဲ့များ ပူးပေါင်းပြီး အဝေးပစ်လက်နက်ဖြင့် ခြောက်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၄၀ မမ ဗုံးသီး ခြောက်လုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“ယနေ့မနက်ပိုင်း တိုင်းရင်းဆေးရုံကို ပူးပေါင်းအဖွဲ့၏ ပြောက်ကျားပစ်ခတ်ခဲ့ မှုအရ စစ်ခွေး၊ပျူကောင်၏ ပလပ်စတစ်အမဲအိတ် (၉)လုံး သယ်ထုတ်သွား ကြောင်း တပ်တွင်းဖရဲသီးမှ အတည်ပြုသတင်းရရှိပါကြောင်း”ဟု ရေဦး(ပကဖ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရေဦးနယ်အတွင်း ဗျူဟာပြောင်း၍ ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ယနေ့တွင်လည်း ရွှေဂူမှ ညောင်လယ်အုပ်စု ဂွက်ကျေးရွာအထိ တိုက်ရိုက်သွားပြီး ကျေးရွာအဝင်၌ သေနတ်ပစ်ခြင်း၊ နေအိမ်များ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်