ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ် -ကန်ပက်လက်(CDF-Kanpetlet) တို့ကြား ယနေ့(ဖေဖော်ဝါရီ ၂၇) တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း CDF(ကန်ပက်လက်)က ထုတ်ပြန်သည်။
မောချောင်းရွာနှင့်မဆာတွီရွာအကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးCDF( ကန်ပက်လက် )ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟုဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီများသည် ယနေ့ညတွင် မဆာတွီကျေးရွာ၌ညအိပ်မည်ဟုခန့်မှန်းရသဖြင့် မိဘပြည်သူများအနေဖြင့်ကျင်ဒွေးနှင့်လောင်းရှည်လမ်းမကြီးကိုအသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။
ဆက်လက်၍လည်း”တိုက်ပွဲဆက်လက်ဖြစ်နိုင်သေးသည့်အတွက်မလိုအပ်ပဲစစ်ရေးသတင်းများကိုလူမှုသတင်းမီဒီယာများတွင်ဖြန့်ဝေခြင်းမပြုကြရန်တိုက်တွန်းအပ်ပါသည်”ဟု CDF (ကန်ပက်လက်)က ထုတ်ပြန်ထားသည်။