Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် ၂ ဦး​သေ၊၃ ဦးဒဏ်ရာအပြင်းအထန်ရ

မောချောင်းရွာနှင့်မဆာတွီရွာအကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးCDF( ကန်ပက်လက် )ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု​​ဖော်ပြထားသည်။

(CDF (ကန်ပက်လက်)တပ်ဖွဲ့ဝင်များ)

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ချင်း​ဒေသကာကွယ်​ရေးတပ် -ကန်ပက်လက်(CDF-Kanpetlet) တို့ကြား ယ​နေ့(​ဖေ​ဖော်ဝါရီ ၂၇) တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး​သေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာအပြင်းအထန် ရရှိခဲ့​ကြောင်း CDF(ကန်ပက်လက်)က ထုတ်ပြန်သည်။

မောချောင်းရွာနှင့်မဆာတွီရွာအကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးCDF( ကန်ပက်လက် )ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု​​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီများသည် ယနေ့ညတွင် မဆာတွီကျေးရွာ၌ညအိပ်မည်ဟုခန့်မှန်းရသဖြင့် မိဘပြည်သူများအနေဖြင့်ကျင်ဒွေးနှင့်လောင်းရှည်လမ်းမကြီးကိုအသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

ဆက်လက်၍လည်း”တိုက်ပွဲဆက်လက်ဖြစ်နိုင်သေးသည့်အတွက်မလိုအပ်ပဲစစ်ရေးသတင်းများကိုလူမှုသတင်းမီဒီယာများတွင်ဖြန့်ဝေခြင်းမပြုကြရန်တိုက်တွန်းအပ်ပါသည်”ဟု CDF (ကန်ပက်လက်)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။