Connect with us

Hi, what are you looking for?

LuduNwayOo

News

ကဝမြို့နယ်တွင် စစ်​ကောင်စီအား လိုင်း​ကြေး​ပေးလုပ်​နေသည့် ​လောင်းကစားဝိုင်းနှစ်ခုကို ​ဖောက်ခွဲသတိ​ပေး

လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်သူများ၏ အချင်အလက်များကို KPDFက လက်ခံရရှိထားကြောင်းလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို လိုင်းကြေးပေး၍ လောင်း ကစားဝိုင်းပြုလုပ်နေသည့် ကဝမြို့နယ်အတွင်းရှိ ​ကျေးရွာနှစ်ရွာရှိ ​လောင်းကစားဝိုင်းနှစ်ခုကို ဖောက်ခွဲ သတိပေးခဲ့ကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့လယ် ၂နာရီ၄၀ မိနစ်တွင် မက်မောက်ကျေးရွာ လောင်းကစားဝိုင်းနှင့် ယ​င်း​နေ့ ‌၂နာရီ ၄၂ မိနစ်တွင် ခနာကျေးရွာရှိ ကျောက်တိုင်ကန် လောင်းကစားဝိုင်းအား သတိပေးသည့်အနေဖြင့် လူထိခိုက်မှုမရှိအောင် ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကဝမြို့နယ်ရှိ လောင်းကစားဝိုင်းများအနေဖြင့် အဆိုပါထုတ်ပြန်သည့် အချိန်မှစ၍ ချက်ချင်းရပ်တန့်ရန် သတိပေးထားပြီး ဆက်လက်လုပ်ကိုင်နေပါက အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး​ထောက်တိုင်များ အဖြစ်သတ်မှတ်ကာ ဦးဆောင်ပြုလုပ်သူ၊ ပါဝင်ပတ်သတ်သူအားလုံးကို ပြင်းထန်စွာ တိုက်ခိုက်အရေးယူမည်ဟု KPDFက ဆိုသည်။

လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်သူများ၏ အချင်အလက်များကို KPDFက လက်ခံရရှိထားကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများ ၊ပျူစောထီးများ၊ စစ်ကောင်စီထောက်တိုင်များနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုရန် KPDF ကသတိပေးထားပြီး လက်နက်ကိုင်တော်လှန်ရေးဆောင်လရွက်နေသည့် တော်လှန်ရေးရဲဘော်များကို တတ်နိုင်သည့်ဘက်မှ ကူညီပေးရန် မေတ္တာရပ်ခံထားသည်။