Connect with us

Hi, what are you looking for?

News

ကဝမြို့နယ်တွင် စစ်​ကောင်စီအား လိုင်း​ကြေး​ပေးလုပ်​နေသည့် ​လောင်းကစားဝိုင်းနှစ်ခုကို ​ဖောက်ခွဲသတိ​ပေး

လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်သူများ၏ အချင်အလက်များကို KPDFက လက်ခံရရှိထားကြောင်းလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို လိုင်းကြေးပေး၍ လောင်း ကစားဝိုင်းပြုလုပ်နေသည့် ကဝမြို့နယ်အတွင်းရှိ ​ကျေးရွာနှစ်ရွာရှိ ​လောင်းကစားဝိုင်းနှစ်ခုကို ဖောက်ခွဲ သတိပေးခဲ့ကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့လယ် ၂နာရီ၄၀ မိနစ်တွင် မက်မောက်ကျေးရွာ လောင်းကစားဝိုင်းနှင့် ယ​င်း​နေ့ ‌၂နာရီ ၄၂ မိနစ်တွင် ခနာကျေးရွာရှိ ကျောက်တိုင်ကန် လောင်းကစားဝိုင်းအား သတိပေးသည့်အနေဖြင့် လူထိခိုက်မှုမရှိအောင် ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ကဝမြို့နယ်ရှိ လောင်းကစားဝိုင်းများအနေဖြင့် အဆိုပါထုတ်ပြန်သည့် အချိန်မှစ၍ ချက်ချင်းရပ်တန့်ရန် သတိပေးထားပြီး ဆက်လက်လုပ်ကိုင်နေပါက အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး​ထောက်တိုင်များ အဖြစ်သတ်မှတ်ကာ ဦးဆောင်ပြုလုပ်သူ၊ ပါဝင်ပတ်သတ်သူအားလုံးကို ပြင်းထန်စွာ တိုက်ခိုက်အရေးယူမည်ဟု KPDFက ဆိုသည်။

လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်သူများ၏ အချင်အလက်များကို KPDFက လက်ခံရရှိထားကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများ ၊ပျူစောထီးများ၊ စစ်ကောင်စီထောက်တိုင်များနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုရန် KPDF ကသတိပေးထားပြီး လက်နက်ကိုင်တော်လှန်ရေးဆောင်လရွက်နေသည့် တော်လှန်ရေးရဲဘော်များကို တတ်နိုင်သည့်ဘက်မှ ကူညီပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။