Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင် NUG ကာကွယ်​ရေးဝန်ကြီးဌာန ဖွဲ့စည်း

စစ်ဖက်နှင့်ပတ်သက်သော အမှုအခင်းများပေါ် ပေါက်ပါက စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်၊ cicmc @mod.nug myanmar .org သို့ ဆက်သွယ် သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) ထုတ်ပြန်​ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်သော စစ်ဖက်ဆိုင်ရာ အမှုအခင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်၊နစ်နာသူများ တရားမျှတမှုရှိစေရန်နှင့် ဥပဒေစိုးမိုးရေး ဖော်ဆောင်ရန်ရည်ရွယ်လျက် “စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင် “ကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဟု ဆိုသည်။

ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊CDM တရားရေးဝန်ထမ်းများ၊ ဥပဒေကျွမ်းကျင်ပညာရှင်များ တိုးချဲ့ပါဝင်ဖွဲ့စည်းကာ တိုင်ကြားလာသော အမှုအခင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု NUG က အသိပေးသည်။

အမှုအခင်းဖြစ်ပွားသော ဒေသများတွင် လိုအပ်ပါက ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်း တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူများအား စစ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း၊ အရပ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ဖက်နှင့်ပတ်သက်သော အမှုအခင်းများပေါ် ပေါက်ပါက စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်၊ cicmc @mod.nug myanmar .org သို့ ဆက်သွယ် သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

မကြာသေးမီရက်ပိုင်းက ကရင်နီပြည်နယ်တွင်သတင်းထောက်နှစ်ဦးနှင့် နယ်ဝေးမှ စစ်ရှောင်လာသည့် ၁၀တန်းကျောင်းသူတစ်ဦးကို ဒလံဟု စွပ်စွဲကာ Karenni Generation Zက ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့သည့် အမှုအခင်းဖြစ်ပွားခဲ့သည်ဟုဆိုကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ထို့အတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးကို KNDF မှ Karenni State Police နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

အဆိုပါ KNDF ၏ ထုတ်ပြန်ချက်ချက်အပေါ် Karenni Generation Z၏ ပြန်လည်ဖြေရှင်းချက်အရ စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေချိန်၌ တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ KGZ ၏ လုံခြုံရေးအပြည့်အဝယူထားသည့် နယ်မြေအတွင်းဝင်ရောက်လာခဲ့သည်ဟု ဖော်ပြထားသည်။

စကားပြောဆိုရာတွင်လည်း အထက်စီးဆန်ဆန်ပြုမူပြောဆိုခြင်း၊ဆဲဆိုကြိမ်းမောင်းခြင်း၊စစ်တပ်၊ ရဲများနှင့် အဆက်အသွယ်ရှိခြင်းတို့​ကြောင့် ထိုသူတို့အားစစ်မေးခွင့်ရှိမည်ဟုအဖွဲ့မှ သုံးသပ်ကာ စစ်ဆေးမေးမြန်း ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု KGZက ဆိုသည်။

ရိုက်နှက်စစ်ဆေးရာတွင် ဓား၊ဆေးလိပ်မီး တို့ဖြင့်တို့ထောက်ခဲ့သည်ဆိုသည်မှာ ချဲ့ကားခြင်းဖြစ်ပြီး လူမဆန်စွာရိုက်နှက်စစ်ဆေးခြင်း လုံးဝ(လုံးဝ)မရှိခဲ့ဟု ဖြေရှင်းထားသည်။

ထိုဖြစ်စဥ်သည် တော်လှန်ရေးလုပ်ငန်းများ အမှန် တကယ်ဆောင်ရွက်နေသည့်အဖွဲ့ အားရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်သွေးခွဲခြင်းဖြစ်သည်ဟု KGZ က ယူဆဟု ဆိုသည်။

စွပ်စွဲမှုများနှင့်ဆက်စပ်၍ အမှန်တကယ် ဖြစ်နေခဲ့ပါကမျက်နှာချင်းဆိုင်လာရောက် တာဝန်ယူဖြေရှင်းရန်လည်း KGZ က ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။