Connect with us

Hi, what are you looking for?

News

မန္တလေး သာသနာ ၂၅၀၀ ဗိမာန်ကို ခန်းမအဖြစ် ဌားရမ်းဖို့ စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေရှိနေ

ဗိမာန်ခန်းမကို အလှူပွဲ ၊ မင်္ဂလာပွဲ ၊ ကုမ္ပဏီပြပွဲတွေ ၊ အခမ်းအနားတွေအတွက် ဌားရမ်း နိုင်တယ်လို့ ဂေါပက အဖွဲ့ ရဲ့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာတာပါ။

မန္တလေးမြို့ ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သာသနာ ၂၅၀၀ အထိမ်းအမှတ် ဗိမာန် ကို ခန်းမအနေနဲ့ ဌားရမ်း ဖို့ ဂေါပက အဖွဲ့က စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဗိမာန်ခန်းမကို အလှူပွဲ ၊ မင်္ဂလာပွဲ ၊ ကုမ္ပဏီပြပွဲတွေ ၊ အခမ်းအနားတွေအတွက် ဌားရမ်း နိုင်တယ်လို့ ဂေါပက အဖွဲ့ ရဲ့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာတာပါ။

ဒီခန်းမဟာ အရင်က မဟာမြတ်မုနိဘုရာကြီးကို လာရောက်ဖူးမြှော်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ တည်းခိုရာနေရာဖြစ်သလို တရားပွဲတွေ ပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်မှာတော့ ခန်းမကို ပြုပြင်ပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာတော့ ခန်းမကို ဌားရမ်းဖို့ ဂေါပက အဖွဲ့က စီစဉ်လာတာပါ။

Public Service Announcement

Public Service Announcement

မြို့ခံအချို့ကတော့ အထင်ကရ နေရာကို ဝင်ငွေရဖို့အတွက် ဂေါပက အဖွဲ့အနေနဲ့ မလုပ်သင့်တဲ့အကြောင်း လူမှုကွန်ရက်မှာရေးသားတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။