Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး သာသနာ ၂၅၀၀ ဗိမာန်ကို ခန်းမအဖြစ် ဌားရမ်းဖို့ စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေရှိနေ

ဗိမာန်ခန်းမကို အလှူပွဲ ၊ မင်္ဂလာပွဲ ၊ ကုမ္ပဏီပြပွဲတွေ ၊ အခမ်းအနားတွေအတွက် ဌားရမ်း နိုင်တယ်လို့ ဂေါပက အဖွဲ့ ရဲ့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာတာပါ။

မန္တလေးမြို့ ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သာသနာ ၂၅၀၀ အထိမ်းအမှတ် ဗိမာန် ကို ခန်းမအနေနဲ့ ဌားရမ်း ဖို့ ဂေါပက အဖွဲ့က စီစဉ်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဗိမာန်ခန်းမကို အလှူပွဲ ၊ မင်္ဂလာပွဲ ၊ ကုမ္ပဏီပြပွဲတွေ ၊ အခမ်းအနားတွေအတွက် ဌားရမ်း နိုင်တယ်လို့ ဂေါပက အဖွဲ့ ရဲ့ ဖေ့ဘွတ်ခ်ကနေ ကြေညာလာတာပါ။

ဒီခန်းမဟာ အရင်က မဟာမြတ်မုနိဘုရာကြီးကို လာရောက်ဖူးမြှော်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ တည်းခိုရာနေရာဖြစ်သလို တရားပွဲတွေ ပြုလုပ်ရာနေရာလည်းဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်မှာတော့ ခန်းမကို ပြုပြင်ပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာတော့ ခန်းမကို ဌားရမ်းဖို့ ဂေါပက အဖွဲ့က စီစဉ်လာတာပါ။

Public Service Announcement

Public Service Announcement

မြို့ခံအချို့ကတော့ အထင်ကရ နေရာကို ဝင်ငွေရဖို့အတွက် ဂေါပက အဖွဲ့အနေနဲ့ မလုပ်သင့်တဲ့အကြောင်း လူမှုကွန်ရက်မှာရေးသားတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။