Connect with us

Hi, what are you looking for?

News

ဖားကန့်တွင်​မြေစာပုံထပ်ပြို၍ ​ရေမ​ဆေးသမား ၅၀ ဦးခန့်​ပျောက်ဆုံး​နေ

လတ်တလောတွင် ဒေသခံများနှင့် ရေမဆေးသမားများက လူမှုရေးအဖွဲ့အချို့နှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်​နေ​ကြောင်း သိရသည်။

(၂၀၂၁ ဒီဇင်ဘာလအတွင်း​မြေစာပုံပြိုကျမှုတွင်​ပျောက်ဆုံး​နေသူများကိုရှာ​ဖွေ​နေကြစဥ် ။ ဓါတ်ပုံ-CJ)

ဖားကန့်တွင် ယနေ့( ဖေဖော်ဝါရီလ ၂၈ )ည ၉ နာရီခန့်က မြေစာပုံပြိုကျ၍ ရေမဆေး​ရှာဖွေသူ ၅၀ဦး ခန့်နှင့်ဘက်ဘိုးသုံးစီး ပျောက်ဆုံးနေကြောင်း ဒေသခံများ​ပြောသည်။

လတ်တလောတွင် ဒေသခံများနှင့် ရေမဆေးသမားများက လူမှုရေးအဖွဲ့အချို့နှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်​နေ​ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ကျောက်စိမ်းခိုးတူးမှုများ အထိန်းအကွပ်မရှိ​တော့ဘဲဆိုးရွားနေပြီး ၂၀၂၁ ဒီဇင်ဘာလကလည်း မြေစာပုံနှစ်ကြိမ်ပြိုကျရာ လူ နှစ်ဆယ်ဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ရေမဆေးကျောက်ရှာသူတွေရှိနေတဲ့ မြေစာပုံပြိုကျပြီး ရေမဆေးသမား သုံးဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။