Connect with us

Hi, what are you looking for?

News

မတ္တရာမြို့အထွက်တွင် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ သေဆုံးမှုရှိနိုင်

ဖေဖော်ဝါရီ ၂၈ရက် ည ၇နာရီခန့်တွင် မတ္တရာမြို့နယ် ကျောင်းကုန်းရွာရှိ စစ်ကောင်စီ သတင်းပေး ဒလန် တစ်ဦး၏အိမ်၌ အသံဗုံးကွဲခဲ့ပြီးနောက် မတ္တရာမြို့အထွက်တွင် စစ်ကောင်စီတပ်ကကက စစ်ဆေးမှုများ ပြုလုပ်ရာ မိုင်းခွဲခံရခြင်းဖြစ်သည်။

မန္တလေးတိုင်း မတ္တရာမြို့အထွက် မန်ကျည်းသုံးပင်ကွေ့နေရာတွင် စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ညပိုင်းက မိုင်းဖြင့်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၈ရက် ည ၇နာရီခန့်တွင် မတ္တရာမြို့နယ် ကျောင်းကုန်းရွာရှိ စစ်ကောင်စီ သတင်းပေး ဒလန် တစ်ဦး၏အိမ်၌ အသံဗုံးကွဲခဲ့ပြီးနောက် မတ္တရာမြို့အထွက်တွင် စစ်ကောင်စီတပ်ကကက စစ်ဆေးမှုများ ပြုလုပ်ရာ မိုင်းခွဲခံရခြင်းဖြစ်သည်။

“အဲဒီ စစ်ဆေးရေးလုပ်နေတဲ့အဖွဲ့ကို အဝေးထိန်းမိုင်းခွဲလိုက်တာက PACF အဖွဲ့က။ ခွဲလိုက်တာ ၈နာရီ ၁၀မိနစ်။ ညဖြစ်တဲ့အတွက် ထိခိုက်မှုရှိတယ် မရှိတယ်ဆိုတာ အတိအကျ မသိဘူး။ အတွင်းသတင်းအရ ပြန်သိရတာက ​လေးဦး ပွဲချင်းပြီးသေတယ်လို့ ကြားတယ်။ ဒါပေမဲ့ အဲဒါကို သီးခြား အတည်ပြုမပေးနိုင်ဘူးပေါ့နော်”ဟု မတ္တရာ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု Revolution Information က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် ယာဉ်တန်းနှင့် စစ်ကြောင်းအချို့ကို ဒေသကာကွယ်ရေး အဖွဲ့က မိုင်းဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။