Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုနယ် ကျွန်း​တောရွာတိုက်ပွဲ စစ်​ကောင်စီတပ် သား ၂၄ဦး​သေ

ယနေ့(မတ်လ ၁ ရက်) နေ့လယ်၂နာရီခန့်က ကျွန်းတော ကျေးရွာတွင် အင်အား ၄၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား ၂၀ ကျော်ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျွန်းတော ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၄ ဦးသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းတွင် ဖော်ပြသည်။

ယနေ့(မတ်လ ၁ ရက်) နေ့လယ်၂နာရီခန့်က ကျွန်းတော ကျေးရွာတွင် အင်အား ၄၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား ၂၀ ကျော်ကျဆုံးခဲ့ခြင်း ဖြစ်သည်။

“တင့်ကားတစ်စီး မီးလောင်သွားတာ မျက်စိရှေ့တင်ပါပဲ။ကျွန်တော်တို့ လက်ရှိ စစ်ရေးအရ ခုခံစစ်ကို တိုက်ရိုက် မလုပ်သေးဘဲ ပြောက်ကျား နည်းနဲ့ သွားတိုက်တာပေါ့။လက်နက်ခဲယမ်းမမျှသေးလို့ ။လက်နက်ခဲယမ်းသာ ပေါမယ်ဆို ဒီထက်ပို သေကြလိမ့်မယ်”ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့ ၃နာရီကြာတိုက်ပွဲတွင် ကရင်နီပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်မှ လက်မောင်းကျာ်ထိမှန်သူနှစ်ဦးသာ ရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကျွန်းတောကျေးရွာတိုက်ပွဲတွင် ကရင်နီ အမျိုး သားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ကရင်နီတပ်မတော် KA၊GZ 21 ၊ဒီးမော့ဆို PDF ၊လွိုင်ကော် PDF နှင့် KDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၆ရက်ကစ၍ ကရင်နီဒေသသို့ ထိုး စစ်ဆင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းများသည် အထိနာနေသဖြင့် နေ့စဥ် လေယာဥ်များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည်။

ထို့ကြောင့် လေယာဥ်ပစ်လက်နက်ရရှိရေး ပြည်တွင်း၊ပြည်ပ ရှိ မြန်မာနိုင်ငံသားများအနေဖြင့် ငွေအားဖြင့် ပူးပေါင်းပါဝင်ပေးရန် KNDF က တိုက်တွန်းအလှူခံလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။