Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်​ကျောင်းသားသမဂ္ဂအ​ခြေစိုက်ရာ​နေရာကိုစစ်​ကောင်စီတပ် ဝင်​ရောက်စီးနင်းပြီးအချို့ကိုဖမ်းဆီး

“ကျွန်တော်တို့ကတော့ ဖိရင်ကြွပါမယ်။ပြည်သူတွေကိုပြောချင်တာကတော့ ငြိမ်နေရင်ပင့်ကူအိမ်မှာငြိနိုင်တယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင် ပြတ်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။”ဟု ဝက်လက်နယ် အ.ထ.​က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

(ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြနေသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Cj)

“ပြည်သူတွေကိုပြောချင်တာကတော့ ငြိမ်နေရင်ပင့်ကူအိမ်မှာငြိနိုင်တယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင် ပြတ်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်”ဟုကျောင်းသားသမဂ္ဂမှတာဝန်ရှိသူ​ပြော

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မြို့နယ်ကျောင်းသားသမဂ္ဂအဖွဲ့အခြေစိုက်နေရာသို့ အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းသားအချို့ဖမ်းဆီးခံရကြောင်း ဝက်လက်မြို့နယ်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁ ရက်နေ့) နေ့လယ်ပိုင်းကဝက်လက်မြို့နယ်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့၏ အလုပ်အမှုဆောင်အဖွဲ့ တည်ရှိရာနေရာသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အားအလုံးရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဝင်ရောက်ဖမ်းဆီးသည့် နေရာနှင့် သတင်းအတိကျကို အကြောင်းအမျိုးမျိုးကြောင့် ထပ်မံကြေညာပေးမည်ဖြစ်ပြီး ယခုအချိန်ထိ အလုပ်အမှုဆောင်များအားလုံးသထဲမှ မည်သူမည်ဝါ အဖမ်းဆီးခံရခြင်း သတင်းအတိကျမရသေးကြောင်း ဝက်လက်မြို့နယ်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့ကယနေ့(မတ်လ ၂ ရက်နေ့)တွင် ထုတ်ပြန်အသိပေးသည်။

“ကျွန်တော်တို့ကတော့ ဖိရင်ကြွပါမယ်။ပြည်သူတွေကိုပြောချင်တာကတော့ ငြိမ်နေရင်ပင့်ကူအိမ်မှာငြိနိုင်တယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင် ပြတ်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။”ဟု ဝက်လက်နယ် အ.ထ.​က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်နေသည့်ဒေသတစ်ခုဖြစ်ပြီး အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။တချိန်တည်းတွင် ​ကျောင်းသားများ ၊ပြည်သူများကလည်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်​ဖော်မှုကိုဆက်တိုက်ပြုလုပ်​နေ​သော ​ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။