Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်​ကျောင်းသားသမဂ္ဂအ​ခြေစိုက်ရာ​နေရာကိုစစ်​ကောင်စီတပ် ဝင်​ရောက်စီးနင်းပြီးအချို့ကိုဖမ်းဆီး

“ကျွန်တော်တို့ကတော့ ဖိရင်ကြွပါမယ်။ပြည်သူတွေကိုပြောချင်တာကတော့ ငြိမ်နေရင်ပင့်ကူအိမ်မှာငြိနိုင်တယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင် ပြတ်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။”ဟု ဝက်လက်နယ် အ.ထ.​က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

(ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြနေသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Cj)

“ပြည်သူတွေကိုပြောချင်တာကတော့ ငြိမ်နေရင်ပင့်ကူအိမ်မှာငြိနိုင်တယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင် ပြတ်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်”ဟုကျောင်းသားသမဂ္ဂမှတာဝန်ရှိသူ​ပြော

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် မြို့နယ်ကျောင်းသားသမဂ္ဂအဖွဲ့အခြေစိုက်နေရာသို့ အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းသားအချို့ဖမ်းဆီးခံရကြောင်း ဝက်လက်မြို့နယ်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁ ရက်နေ့) နေ့လယ်ပိုင်းကဝက်လက်မြို့နယ်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့၏ အလုပ်အမှုဆောင်အဖွဲ့ တည်ရှိရာနေရာသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အားအလုံးရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဝင်ရောက်ဖမ်းဆီးသည့် နေရာနှင့် သတင်းအတိကျကို အကြောင်းအမျိုးမျိုးကြောင့် ထပ်မံကြေညာပေးမည်ဖြစ်ပြီး ယခုအချိန်ထိ အလုပ်အမှုဆောင်များအားလုံးသထဲမှ မည်သူမည်ဝါ အဖမ်းဆီးခံရခြင်း သတင်းအတိကျမရသေးကြောင်း ဝက်လက်မြို့နယ်အခြေစိုက်ကျောင်းသားသမဂ္ဂများအဖွဲ့ကယနေ့(မတ်လ ၂ ရက်နေ့)တွင် ထုတ်ပြန်အသိပေးသည်။

“ကျွန်တော်တို့ကတော့ ဖိရင်ကြွပါမယ်။ပြည်သူတွေကိုပြောချင်တာကတော့ ငြိမ်နေရင်ပင့်ကူအိမ်မှာငြိနိုင်တယ်။ ရုန်းထွက်ရင်သံကြိုးတွေတောင် ပြတ်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။”ဟု ဝက်လက်နယ် အ.ထ.​က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်နေသည့်ဒေသတစ်ခုဖြစ်ပြီး အရှေ့ပိုင်း၊ အနောက်ပိုင်း နှစ်ပိုင်းခွဲကာ ခုခံတိုက်ခိုက်နေကြသည်။တချိန်တည်းတွင် ​ကျောင်းသားများ ၊ပြည်သူများကလည်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်​ဖော်မှုကိုဆက်တိုက်ပြုလုပ်​နေ​သော ​ဒေသတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။