Connect with us

Hi, what are you looking for?

News

ရန်ကုန်ရှိ Brave Bar ဗုံးခွဲတိုက်ခိုက်ခံရ

“တိုက်ခိုက်ရေး အင်အားစုများနဲ့ ပြည်သူများကိုလည်း ဒီလူယုတ်မာ ခရိုနီ စိုးလှိုင်နှင့် ၎င်း၏ ပိုင်ဆိုင်မှုများ ကို ပစ်မှတ်ထားတိုက်ခိုက်ကြဖို့ ပြောချင်ပါ တယ်”ဟု ၎င်းက တိုက်တွန်းသည်။

(Brave Bar ၌ ပျော်ပါး သောက်းစားနေကြသူများကို တွေ့ရစဥ်၊ ဓာတ်ပုံ - Brave Bar /FB)

ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ Brave Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အဆောက် အဦးနှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

“ခရိုနီစိုးလှိုင်က အများအမြင်မှာ လူကြီးလူကောင်းယောင်ဆောင်ပြီး ရန်ကုန်မြို့ ရဲ့ မူးယစ် ဆေးဝါး လုပ်ငန်းစုထဲမှာ အဓိကပါဝင်သူဖြစ်ပါတယ်။ နောက်ပြီး ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ရောက်ရှိသော မိန်းကလေးများကို လိင်အမြတ် ထုတ်ခြင်းစတဲ့ လူမဆန်တဲ့ လုပ်ရပ်များကို ကျူးလွန်လျက်ရှိတာကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။”ဟု JBF မှတာဝန်ရှိသူက ဆိုသည်။

ယနေ့(မတ်လ ၈ ရက်) ညနေ ၃နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Barပိုင်ရှင်နှင့် ပတ်သက်သည့်အချက်အလက်များကို သေသေချာချာ အတည်ပြုပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“တိုက်ခိုက်ရေး အင်အားစုများနဲ့ ပြည်သူများကိုလည်း ဒီလူယုတ်မာ ခရိုနီ စိုးလှိုင်နှင့် ၎င်း၏ ပိုင်ဆိုင်မှုများ ကို ပစ်မှတ်ထားတိုက်ခိုက်ကြဖို့ ပြောချင်ပါ တယ်”ဟု ၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကြောင့် Brave Barရှေ့တွင် အကြမ်းဖက်‌စစ်ကောင်စီတပ်ဖွဲ့ ဝင်များ စစ်ဆေးမှုပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Brave Bar သည် လက်ရှိတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်၍ အပျော်အပါးများဖြင့် စည်ကားနေသည့် Bar တစ်ခုဖြစ်သည်။

ဖောက်ခွဲတိုက်ခိုက်ခံရမှုများနှင့်ပတ်သက်ပြီး အဆိုပါ Bar မှာ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်ကာလဖြစ်သည့်ပြီးခဲ့သည့်နှစ် အောက်တ်ိုဘာ ၇ ရက်ကလည်း Brave Bar ကို အကြမ်းဖက်စစ်ကောင်စီက ည၁၁ နာရီကျော်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ရာ လူ ၂၀၀ခန့် ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်တွင် ဖမ်းဆီးခံရသူ အားလုံးပြန်လည် လွတ်မြောက်ခဲ့သည်။

JBF အဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်ကို ထောက်ခံသည့် Transporter Bar ကို သတိပေးသည့် အနေဖြင့် ဖောက်ခွဲခဲ့ပြီး စစ်တပ်အတွက် ‌ငွေကြေးထောက်ပံ့သည့် နေရာများဖြစ်သည့် Bar ၊KTV နှင့် Club များကို မသွားရန် အဆိုပါ အဖွဲ့က မေတ္တာရပ်ခံ ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။