Connect with us

Hi, what are you looking for?

News

နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC) အတွက် NUG ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင် ရွေးချယ်ခံရ

ရိုဟင်ဂျာများအပါအဝင် လူနည်းစုအုပ်စုကိုယ်စား ဒေါ်အိသဥ္ဇာမောင်၏ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုများသည် လူ့အခွင့်အရေးများကို​လေးစားလိုက်နာသည့် အားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီအရေးအတွက် မြှင့်တင်ပေးခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC)ပေးအပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ကို ထည့်သွင်းရွေးချယ်လိုက်သည်။

အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တည် ဆောက်ရေး ကြိုးပမ်းနေကြသည့် ကမ္ဘာတဝန်းရှိ ထူးချွန် သော အမျိုးသမီး ၁၂ဦးကို အထက်ပါ နိုင်ငံတကာအမျိုးသမီးများရဲရင့်ခြင်းဆု ပေးအပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ရာ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင် ရွေးချယ်ခံရခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင်ပင် ငြိမ်းချမ်းသော လူထုတော်လှန် ရေးသင်္ကေတအဖြစ်ထွက်ပေါ်ခဲ့သော စိတ်ဓာတ်တက်ကြွပြီး ဩဇာရှိဒီမိုကရေစီလိုလားသူ ဒေါ်အိသဥ္ဇာမောင်သည် မြန်မာ့ဒီမိုကရေစီလိုလားသည့် အတိုက်အခံ NUG အစိုးရ၏ ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ရိုဟင်ဂျာများအပါအဝင် လူနည်းစုအုပ်စုကိုယ်စား ဒေါ်အိသဥ္ဇာမောင်၏ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုများသည် လူ့အခွင့်အရေးများကို​လေးစားလိုက်နာသည့် အားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီအရေးအတွက် မြှင့်တင်ပေးခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေါ်အိသဥ္ဇာမောင်သည် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်နှင့် လူနည်းစုတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ပိတ်ပင်မှုများပါဝင်သော ပညာရေးဥပဒေ သပိတ် မှောက်ခြင်းကြောင်း ၂၀၁၅ တွင် ထောင်ချခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု နှင့် လူငယ်ရေး ရာ စည်းရုံးမှုကဲ့သို့သော ငြိမ်းချမ်းသော ဒီမိုကရေစီအရေး လှုပ်ရှား မှုများကြောင့် စစ်တပ်၏ ဖမ်း၀ရမ်းထုတ်ခံခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်တိုင် ဒေါ်အိသဥ္ဇာမောင်သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ခိုင်မာသော၊ အားလုံးပါဝင်သော ဒီမိုကရေစီနည်းကျ မြန်မာ နိုင်ငံအတွက် ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုထားကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထက်ပါ IWOC ဆုချီးမြှင့်ပွဲကို အွန်လိုင်းမှတဆင့် လာမည့် မတ်လ ၁၄ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် အမေရိကန်သမ္မတကတော် ဒေါက်တာဂျီလ်ဘိုင်ဒန် တက်ရောက် မိန့်ခွန်းပြော မည်ဖြစ်သည်။

NUG ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်သည် ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်လ်ဒိုဗာ၊ နီပေါ၊ ရိုမေးနီးယား၊ တောင်အာဖရိက၊ ဗီယက်နမ်တို့မှ အမျိုးသမီးများနှင့်အတူ ၂၀၂၂ အတွက် IWOC ဆု ရွေးချယ်ခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။