Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် အသက်မပြည့်​သေးသည့် က​လေးငယ်နှစ်ဦးအား စစ်​ကောင်စီက ဖမ်းဆီးသတ်ဖြတ်

အသက်မပြည့်သည့်ကလေးငယ်များနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်အား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြင်းထန်စွာ ပြန်လည်ခုခံတော်လှန် သွားမည်ဟု ပြည်သူ့တပ်ဖွဲ့က ကတိပြုထားသည်။

ရှမ်းပြည်နယ်​တောင်ပိုင်း မိုးဗြဲမြို့ ပွဲကုန်း(၁)ရပ်ကွက်မှ အသက်မပြည့်​​သေးသည့် ကလေးငယ်နှစ်ဦးအား အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာသတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းအား တွေ့ရှိခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အသိ​ပေးထုတ်ပြန်သည်။

မတ်လ ၆ရက်နံနက်ပိုင်းက မိုးဗြဲမြို့၊ ပွဲကုန်း (၁) ရပ်ကွက်နေ မောင်သြဂစတင်း (အသက် ၁၇နှစ်) နှင့် မောင်လားစရု(အသက်၁၀ နှစ်)တို့အား နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ယနေ့ (မတ်လ ၉ ရက်) နေ့လယ်ပိုင်းတွင် မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာ၌ သေဆုံးနေသည့် ရုပ်လောင်းသာ ပြန်လည်တွေ့ရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

Public Service Announcement

ထို့ကြောင့် မိုးဗြဲပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ကျေးရွာ၊ရပ်ကွက်အတွင်း အကြမ်းဖက်စစ်ကောင်စီများရောက်ရှိလာမည်ဆိုပါက အချင်းချင်းအပြန်အလှန်သတင်းပေးကာ အတတ်နိုင်ဆုံး ရှောင်ထွက်ပေးရန် အသိပေးသည်။

Public Service Announcement

Public Service Announcement

အသက်မပြည့်သည့်ကလေးငယ်များနှင့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်အား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြင်းထန်စွာ ပြန်လည်ခုခံတော်လှန် သွားမည်ဟု ပြည်သူ့တပ်ဖွဲ့က ကတိပြုထားသည်။

ယမန်နေ့(မတ်လ ၈ရက်)ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးအသုံးပြု ပစ်ခတ်ခြင်းကြောင့် လွိုင်ကော်မြို့နယ် လယ်ထွဲကျေးရွာ ကလေးကစားကွင်းထဲသို့ ကျရောက်ပေါက်ကွဲ၍ ကလေးငယ် သုံးဦးပွဲ ချင်းပြီး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။