Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာသိမ်းမှုအပြီး မြန်မာအမျိုးသမီးများ၏ဘဝနေထိုင်မှု နိမ့်ကျဆုတ်ယုတ်လာကြောင်း ကုလအစီရင်ခံစာအသစ်ဖော်ပြ

ကုလသမဂ္ဂက မြန်မာအမျိုးသမီး ၂၂၀၀ ကျော်ထံမှ ကောက်ယူထားသော အဆိုပါအစီရင်ခံစာ အရ နိုင်ငံအတွင်း ဖွံ့ဖြိုးမှုယိုးယွင်းဆုတ်ယုတ်နေသည်ကို ပြသနေခြင်းဖြစ်သည်။

ပြသာနာအားလုံး၏အဓိက တရားခံမှာ စစ်အုပ်စု၏အာဏာသိမ်းမှုဖြစ်၍ စစ်အာဏာရှင်ဖြုတ်ချ​ရေးတွင်လည်း အမျိုးသမီးများ သည်​ရှေ့တန်းမှတက်ကြွစွာပါဝင်ကြိုးပမ်း​နေသည်။ ဓါတ်ပုံ-NY

အကြမ်းဖက်မှုများမြင့်တက်လာခြင်း၊ မလုံခြုံခြင်းများသည် မြန်မာအမျိုးသမီးများကို အလုပ် အကိုင်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကင်းကွာစေရန်တွန်းပို့နေကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာအသစ်၌ ဖော်ပြသည်။

ကုလသမဂ္ဂက မြန်မာအမျိုးသမီး ၂၂၀၀ ကျော်ထံမှ ကောက်ယူထားသော အဆိုပါအစီရင်ခံစာ အရ နိုင်ငံအတွင်း ဖွံ့ဖြိုးမှုယိုးယွင်းဆုတ်ယုတ်နေသည်ကို ပြသနေခြင်းဖြစ်သည်။

‘မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမှု ဆုတ်ယုတ်ခြင်း၊ ကပ်ရောဂါနှင့် စစ်အုပ်ချုပ်မှုအောက် နေထိုင်ရသော အမျိုးသမီးများ’ ဟု အမည်ပေးထားသော အစီရင်ခံစာကို မတ်လ ၈ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် အကြမ်းဖက်မှုကြောက်ရွံ့ခြင်းများကြောင့် အမျိုးသမီးများ ရရှိရမည့်ဖွံ့ဖြိုးမှုများ ဆုံးရှုံးနေသည် ကို ဖော်ပြထားသည်။

ကုန်​ဈေးနှုန်းများမြင့်တက်လာပြီး ဝင်​ငွေနည်းလာသဖြင့် အမျိုး သမီးများမှာ အိမ်စာရိတ်ကို ​ချွေတာလာကြရသည်။ ဓါတ်ပုံ-P&P

“အကြမ်းဖက်မှုကြောက်ရွံ့ခြင်းက မြန်မာအမျိုးသမီးတွေကို ပုံမှန်နေထိုင်မှုဘ၀တွေကနေ တားမြစ်ပိတ်ပင်နေတယ်ဆိုတာကို ဒီအစီရင်ခံစာက ရှင်းရှင်းလင်းလင်းနဲ့ ကြောက်မက်ဖွယ်သတင်း စကားကို ဖော်ပြနေပါတယ်။ ဒါကို ချက်ချင်းဖြေရှင်းဆောင်ရွက်ရပါမယ်” ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဗျူရို ဒါရိုက်တာ Kanni Wignaraja က ပြော သည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဒီဇင်ဘာတွင် ကောက်ခံပြုစုခဲ့သော ယင်းအစီရင်ခံစာအရ အမျိုးသမီးများ ၃ ပုံ ၁ ပုံသည် မလုံခြုံဟုခံစားရပြီးနေ့ခင်းတွင်ပင် အိမ်နီးချင်းများထံ လမ်းလျှောက်သွားလာရန် ကြောက်ရွံ့နေသည်ကို တွေ့ရသည်။ ထိုအပြင် အမျိုးသမီးသုံးပုံတစ်ပုံမှာ ညပိုင်းအချိန်တွင်မလုံခြုံဟု​ခံစား​နေကြရသည်။

ထို့အပြင် အိမ်ထောင်စု ၁၀ စုအနက် ၄ စုသည် ၎င်းတို့၏ ဝင်ငွေ ဆက်တိုက်ကျဆင်းနေမှုကို ဖြေရှင်းရန်နည်းလမ်းတစ်ခုအဖြစ် ၎င်းတို့၏ စားသောက်မှုကို လျှော့ချဖြတ်တောက်ခဲ့ရပြီး ယင်းအိမ် ထောင်စုများ၏ ၃ ပုံ ၁ ပုံတွင် အမျိုးသမီးများက အများဆုံး လျှော့ချစားသုံးခဲ့ရခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အိမ်ထောင်စုဝင်ငွေသည် အာဏာသိမ်းချိန်ကစ၍ ပြိုလဲသွားကြောင်း အမျိုးသမီး ၁၀ ဦးအနက် ၇ ဦးက ဖြေကြားသည်။

မိသားစုများသည် ဝယ်ယူမှုများကို ​လျှော့ချခြင်း၊ များသောအားဖြင့် လူငယ်များနှင့် ပညာတတ်အမျိုးသမီးများမှာ ၎င်းတို့၏ စုဆောင်းငွေကိုဆက်မစုနိုင်​တော့ဘဲ ရပ်နားထားရခြင်းနှင့် သူငယ်ချင်းများ၊ ဆွေးမျိုးများထံမှ ငွေချေးရခြင်းများကို ပိုလုပ်ဆောင်လာရကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။

အိမ်မှုကိစ္စများနှင့် ပြုစုစောင့်ရှောက်ခြင်းအခန်းကဏ္ဍများကို အမြဲလုပ်ဆောင်ခဲ့ရသော အမျိုးသမီးများသည် လက်ရှိတွင်မူ ပင်ပန်းဆင်းရဲခြင်းအချိန်ကို ပိုမိုရင်ဆိုင်နေရသည်ဟု ဆိုသည်။

အမျိုးသမီးများသည် ပုံမှန်အားဖြင့် အမျိုးသမီးရေးရာအဖွဲ့ချုပ် သို့မဟုတ် ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံခြင်းထက် ပုံမှန်မဟုတ်သော ဆွေမျိုး၊ သူငယ်ချင်း အစရှိသောသူများကို အကူအညီ တောင်းခံမှုများ ၄ ဆ မြင့်တက်လာမည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြသည်။

ကျန်းမာရေးအခြေအနေကို ကြည့်လျှင် အိမ်ထောင်စု ၁၁ သန်းအနက် ၁ ဒသမ ၂ ရာခိုင်နှုန်း သော လူဦးရေ ၁၃၂၀၀၀ သည် COVID-19 ကြောင့် သေဆုံးခဲ့ပြီး ယင်းအချက်အလက်သည် အာဏာသိမ်းစစ်​ကောင်စီ၏ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်ထက် ၇ ဆနီးပါးပိုများ​နေသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

မုန်လိုင်ချောင်းသည် ရေတိမ်ချောင်းဖြစ်ကြောင်း၊ ရေစီးမကြမ်းသော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းနေချိန် လူမျောပါသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။