Connect with us

Hi, what are you looking for?

News

တန့်ဆည်နယ် ကံထူးမစခန်းမှ ရဲတစ်ဦး ကိုယ်​ထောင် ထား​သောမိုင်းနင်းမိ၍ ဒဏ်ရာရ

ဖြစ်စဥ်မှာ မတ်လ၉ရက် ညနေ ၅နာရီခန့်က ရဲများ သန့်ရှင်းရေးလုပ်နေစဉ် စခန်းနံရံအနီး ကပ်ထောင်ထားသော မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ကံထူးမရဲစခန်းမှ စစ်​ကောင်စီလက်ပါး​စေ ရဲတစ်ဦး ကိုယ့်​ထောင်ထား​သောမိုင်း ပြန်နင်းမိ၍ ဒဏ်ရာအပြင်း အထန်ရရှိကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်မှာ မတ်လ၉ရက် ညနေ ၅နာရီခန့်က ရဲများ သန့်ရှင်းရေးလုပ်နေစဉ် စခန်းနံရံအနီး ကပ်ထောင်ထားသော မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သိထားသလောက်ဆို စုတ်ပြတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ရဲခွေးတစ်ယောက်ပါ။လောလောဆယ် ဆေးကုနေတုန်းပဲလို့ သိရတယ်”ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီလက်ပါး​စေ ရဲမှာ မေးစေ့၊ လက်၊ ခြေထောက်တို့တွင် ကွဲပြဲဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ကံထူးမရဲစခန်းကို ဖေဖော်ဝါရီ၉ရက်က တန့်ဆည် PDFတပ်ပေါင်းစု စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ၄၀ ခန့်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရဲစခန်းနှင့် ရဲကင်းစခန်းသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများတွင် မိုင်းများထောင်ရန် ညွှန်ကြားစာပါ အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီအတွင်း ညွှန်ကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြည်သူတွေကို နှောက်ယှက် ငွေညှစ်တောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါးက မတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)အရာရှိနဲ့ သားအဖသုံးဦး ရိုက်သတ်ခဲ့တဲ့ စစ်ကောင်စီ ရဲနှစ်ဦးကို ယ​နေ့(မတ်လ ၁၂ရက်)မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။