Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် ယမန်​နေ့တစ်ရက်တည်း မီး​ငါးကြိမ်​လောင်

ပူပြင်းခြောက်သွေ့သည့် နွေရာသီကို ရောက်ရှိလာသည် နှင့်အမျှ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုရက်ပိုင်းအတွင်း မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁ ရက်မှ ၁၁ ရက်အထိ မီးလောင်မှု အကြိမ် ၂၀ ကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

(ယမန်​နေ့က KBZ ATM မီး​လောင်​နေသည်ကို ​တွေ့ရစဥ် ၊ ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့)

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယမန်​နေ့ တစ်ရက်တည်း မီးလောင်မှု ငါးကြိမ်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ (မတ်လ ၁၀) ည ၁၂ နာရီကျော်တွင် သာကေတမြို့နယ် တစ်ဆယ်တောင်ရပ်ကွက် ဇေယျဝတီ(၃) လမ်း၌ မီးလောင်မှုဖြစ်ခဲ့ရာ Level -2အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်က ထုတ်ပြန်ထားသည်။

ယင်းမီးလောင်မှုကြောင့် အိမ်ထောင်စု ၁၃စုမှ လူဦးရေ ၅၄ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါရပ်ကွက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဗဟို ဓမ္မာရုံ၌ ကယ်ဆယ်ရေးစခန်းဖွင့်ပေးထားကြောင်း သာကေတသတင်း၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။

နံနက် ၁ နာရီ အချိန်ခန့်တွင် ထန်းတပင်မြို့နယ် လိပ်ကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နံနက် ၅ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် သံသုမာလမ်း၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုဖြစ်သည့် အဆောက် အဦးအကြောင်းကို အသေးစိတ်ဖော်ပြထားခြင်း မရှိသော်လည်း ယင်းမီးလောင်မှုသည် မြို့ပြပျောက်ကျားတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီထောက်တိုင် KBZ ဘဏ်ကိုတိုက်ခိုက်သည့် အနေဖြင့် ATM စက်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အသိ​ပေးထားသည်။

နေ့လည် ၃ နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက်၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ထို့​နောက် ညနေ ၅ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် လေးထောင့်ကန်ကျေးရွာ ရွှေပိုင်ခန့် အိမ်ရာဝင်း အတွင်း ကိုင်းတော မီးလောင်မှုဖြစ်ခဲ့ရာ နာရီဝက်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပူပြင်းခြောက်သွေ့သည့် နွေရာသီကို ရောက်ရှိလာသည် နှင့်အမျှ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုရက်ပိုင်းအတွင်း မီးလောင်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁ ရက်မှ ၁၁ ရက်အထိ မီးလောင်မှု အကြိမ် ၂၀ ကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။