Connect with us

Hi, what are you looking for?

News

ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေလမှာ စွဲချက်တင်ဖို့ စစ်ကောင်စီ စီစဉ်

စစ်ကောင်စီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမှု ရှိတယ်ဆိုတာကို သက်သေပြလို့ရအောင် NLD အစိုးရ ခေါင်းဆောင်ပိုင်းတွေအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဆင့်ကနေ မြို့နယ် အဆင့်ရွေးကောက်ပွဲအဖွဲ့ခွဲတွေအထိ တာဝန်ရှိသူတွေ ကိုတန်းစီတရားစွဲဆိုတာတွေ စစ်ကောင်စီကလုပ်နေတာပါ။

ဓာတ်ပုံ − AP

ရွေးကောက်ပွဲ မလျော်သြဇာ သုံးမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့်မေလအတွင်း စွဲချက်တင်ဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာအနိုင်ရဖို့မလျော်သြဇာသုံးတယ်ဆိုကာ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။

ဒီပုဒ်မဟာ ထောင်ဒဏ် ၃ နှစ်ထိချလို့ရပြီးစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ကတရားလိုလုပ်ထားတာလို့သိရပါတယ်။

မနေ့က မတ်လ ၁၁ ရက်တရားခွင်မှာတော့ တရားလိုပြသက်သေအဖြစ် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို စစ်ဆေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဦးစိုင်းကျော်သူကို စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကရှေ့နေတွေက စစ်ကောင်စီရဲ့စွပ်စွဲချက်တွေကို ချေပနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

စစ်ဆေးချက်တွေကိုတော့ စစ်ကောင်စီက ရှေ့နေတွေကို သတင်မီဒီယာဖြေဆိုခွင့်ပိတ်ပင်ထားတဲ့အတွက် အသေးစိတ်မသိရှိရပါဘူး။

ဒီအမှုမှာ စစ်ကောင်စီဘက်က တရားလိုပြသက်သေ ၂၀ ဦး တင်ထားပြီး လာမယ့်ဧပြီလ ၁၈ ရက် ရုံးချိန်းမှာ အပြီးစစ်ဆေးဖို့စီစဉ်ထားတာပါ။

အဲဒီနောက် မေလအတွင်းမှာ စွဲချက်တင်ဖို့ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမှု ရှိတယ်ဆိုတာကို သက်သေပြလို့ရအောင် NLD အစိုးရ ခေါင်းဆောင်ပိုင်းတွေအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဆင့်ကနေ မြို့နယ် အဆင့်ရွေးကောက်ပွဲအဖွဲ့ခွဲတွေအထိ တာဝန်ရှိသူတွေ ကိုတန်းစီတရားစွဲဆိုတာတွေ စစ်ကောင်စီကလုပ်နေတာပါ။

မြို့နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေကိုတော့ မဲမသမာမှုရှိခဲ့ကြောင်း ဝန်ခံခိုင်းပြီး ဒဏ်ငွေနဲ့ပဲ အပြီးသတ်လိုက်တာတွေရှိနေပါတယ်။

မတ်လ ၁၀ ရက်က ဆို NLD ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်ကို မဲမသမှုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုအတွက် အမိန့်ချရာမှာ ဒဏ်ငွေ ငါးထောင်ကျပ် ချခဲ့တယ်လို့သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်ရာအချို့ရှိခဲ့ပေမယ့် လူထုရဲ့ဆန္ဒကိုထင်ဟပ်စေခဲ့တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေက ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် စစ်အုပ်စုကတော့ မဲမသမာမှုတွေရှိတယ်ဆိုကာအကြောင်းပြပြီး အာဏာသိမ်းယူခဲ့တာပဲဖြစ်ပါတယ်။

ဒီလို စစ်အုပ်စုက အကြောင်းပြတဲ့ မဲလိမ်မဲခိုးမှုကို နိုင်ငံတကာက လုံးဝ လစ်လျုရှုထားတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်ရဲ့အကြံပေး ဒေါက်တာရင်ရင်နွယ်က ဘီဘီစီမြန်မာပိုင်းသတင်းဌာန နဲ့ ဆွေးနွေးမေးမြန်းမှု တစ်ခုမှာ ညည်းတွားဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။