Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထောက်တိုင် မြန်မာဘီယာရောင်းသည့်ဆိုင်များကို တိုက်ခိုက်မည်ဟု မြင်းခြံခရိုင်တပ်ပေါင်းစု သတိပေး

မတ်လ ၁၂ရက်တွင် ထုတ်ပြန်သည့် အဆိုပါ သတိပေးချက်တွင် လတ်တလော မြန်မာဘီယာရောင်းချနေသည့် ဆိုင် ၇ဆိုင်မှာ မွှေးမွှေးစတိုး၊ ဘကျော်ဘီယာဆိုင်၊ ပန်းခင်း ဘီယာဆိုင်၊ Dream Garden၊ Lucky Star ၊ ရွှေဝိုင်းတော်နှင့် ခိုင်ရွှေတို့ ဖြစ်သည်ဟုဆိုသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီ၏ အဓိက ထောက်တိုင် ဖြစ်သော မြန်မာဘီယာအား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဆိုင်များကို မြင်းခြံခရိုင် တပ်ပေါင်းစုက အမည်စာရင်းနှင့်အတူ ထုတ်ပြန်၍ ဆက်လက်ရောင်းချပါက စစ်ကောင်စီထောက်တိုင် အဖြစ် သတ်မှတ်ချေမှုန်းဖျက်ဆီး မည်ဖြစ်ကြောင်း အသိပေးထားသည်။

မတ်လ ၁၂ရက်တွင် ထုတ်ပြန်သည့် အဆိုပါ သတိပေးချက်တွင် လတ်တလော မြန်မာဘီယာရောင်းချနေသည့် ဆိုင် ၇ဆိုင်မှာ မွှေးမွှေးစတိုး၊ ဘကျော်ဘီယာဆိုင်၊ ပန်းခင်း ဘီယာဆိုင်၊ Dream Garden၊ Lucky Star ၊ ရွှေဝိုင်းတော်နှင့် ခိုင်ရွှေတို့ ဖြစ်သည်ဟုဆိုသည်။

ယင်းဆိုင်များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ပြင်ဆင်ရန် အချိန် ၁၅ရက် ပေးလိုက်ကြောင်း ၊ စစ်ကောင်စီ၏ အကျိုးစီးပွား ထောက်တိုင်များနှင့် လွတ်ကင်းသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချခြင်းဖြင့် စီးပွားရှာကြရန် တိုက်တွန်းကြောင်း မြင်းခြံခရိုင်တပ်ပေါင်းစုက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။