Connect with us

Hi, what are you looking for?

News

မုံရွာ နမခတပ်တွင်း ​ပေါက်ကွဲမှုဖြစ်၊ လက်နက်တိုက်​ပေါက်ကွဲမှုဟု​ဒေသခံများ​ပြော

“ဒါကြောင့် ရဟတ်ယာဉ်သံတွေ ဆက်တိုက်ကြားနေရတာထင်တယ်”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း ယနေ့နံနက်ပိုင်းက ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ပြီး လက်နက်တိုက်ပေါက်ကွဲမှုဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၁၂ ရက်)နံနက် ၇ နာရီခန့်က မုံရွာမြို့ နမခ တိုင်းစစ်ဌာနချုပ်အတွင်းရှိ လက်နက်တိုက်တစ်ခု ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်ကားများ တိုင်းပေါက်အတွင်း အင်အားအများအပြားဖြင့် ဝင်ရောက်သွားကြောင်း၊ မီးသတ်ကား ၅‌ စီးခန့်ဝင်သွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန် သည်။

“ဒါကြောင့် ရဟတ်ယာဉ်သံတွေ ဆက်တိုက်ကြားနေရတာထင်တယ်”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်သည် မြို့တွင်းလှည့်လည်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူအချို့လည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။