Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ဒုက္ခရောက်နေသည့်မြန်မာပြည်သူများကို ကူညီရန်ဟု နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ အကြောင်းပြ

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသည့် စစ်ဘေးရှောင်များကို များစွာ စာနာသနား၍ ကူညီပံ့ပိုးပေးခဲ့သည့်မှာ ဆယ်စုနှစ် ၂ခုကြာပြီဖြစ်ကြောင်း

(နီပွန်​ဖောင်​ဒေးရှင်း ဥက္ကဌအား အလိုမရှိ​ကြောင်း ဆန္ဒပြကန့်ကွက်​နေစဥ်)

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီနှင့် မလွှဲမရှောင်သာ ပူးပေါင်းဆောင်ရွက်မှုသည် ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ကူညီနိုင်ရန်အတွက်ဖြစ်သည်ဟု ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ရှင်းလင်းချက်ထုတ်ပြန်သည်။

PPSTနှင့် မစ္စတာ ဆာဆာကာဝါတို့ မတ်လ ၁၀ရက်က တွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး တွေ့ဆုံမှု အပေါ် အထင်အမြင် လွဲမှားမှုများ မရှိစေရန် ရှင်းလင်းချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု PPST က ဖော်ပြသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသည့် စစ်ဘေးရှောင်များကို များစွာ စာနာသနား၍ ကူညီပံ့ပိုးပေးခဲ့သည့်မှာ ဆယ်စုနှစ် ၂ခုကြာပြီဖြစ်ကြောင်း

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပဋိပက္ခ များကြီးထွားကျယ်ပြန့်လာခြင်းမှာ များစွာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် လက်နက်မဲ့ အပြစ်မဲ့သာမန်ပြည်သူများ၊ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် သိန်းချီသော ပြည်သူများ အတိဒုက္ခရောက်နေရခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ ရောဂါဘယ ဘေးဒဏ်ခံစားနေကြရခြင်းအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း လည်း ပြောဆိုခဲ့သည်ဟု PPSTက ထုတ်ပြန်သည်။

လက်ရှိ SAC(စစ်ကောင်စီ) နှင့် မလွှဲမရှောင်သာ ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခရောက်သူများကို ကူညီနိုင်မည် ဖြစ်၍ နားလည်မှုပေးကြပါရန် မေတ္တာရပ်ခံကြောင်း မစ္စတာဆာဆာကာဝါက ပြောဆိုခဲ့သည်ဟု ရှင်းလင်းထားသည်။

အဓိကမှာ အပြစ်မဲ့ လက်နက်မဲ့ သာမန်ပြည်သူများအားလုံးကို စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးစေလျက် အကာအကွယ်ပေးနိုင်ခြင်း အမြန်စုပေါင်းလုပ်ဆောင်နိုင်ရန်နှင့် အမြန်ဆုံးပေးဝေနိုင်ရန် ညှိနှိုင်းတိုင်ပင်ကြခြင်းသာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

PPST အနေဖြင့်လည်း ယခင်က ဗိုလ်ချုပ်ကြီးယွက်စစ် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားစဉ်က အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးမဆွေးနွေးကြောင်း ၊ ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးယွက် စစ်၏ RCSS အဖွဲ့ က စစ်ကောင်စီ နှင့်ထိတွေ့ဆက်ဆံက စစ်ကောင်စီပြုလုပ်သည့် ပွဲများကို တက် ရောက်သည်။

အလားတူ ဗိုလ်ချုပ်ကြီး ယွက်စစ် PPSTမှ နှုတ်ထွက်သွားပြီးနောက် မွန်အဖွဲ့ NMSPမှ နိုင်အောင်မင်း၊ ပအိုဝ်း PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းငင်း တို့ စုပေါင်းပြီး PPST ဦးဆောင်မှုကို ရယူခဲ့ပြီးနောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီကို စစ်ကောင်စီဟုပင် သုံးနှုန်းခြင်းမပြုတော့ဘဲ တပ်မတော်သို့မဟုတ် SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဟု သုံးစွဲလျက်ရှိသည်။

အဆိုပါ PPST အဖွဲ့အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသည့် ပြည်သူလူထုများအပေါ် ထိရောက်သည့် အကူအညီပေးမှု တစုံတရာ မတွေ့ရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။