Connect with us

Hi, what are you looking for?

News

စိုးရိမ်နေခြင်းများကို ရပ်တန့်ကာ လက်တွေ့အရေးယူဆောင်ရွက်ရန် ကုလလူ့အခွင့်အရေးကောင်စီကို တောင်းဆိုသည့် အွန်လိုင်းလှုပ်ရှားမှု စတင်

အဆိုပါ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုကို https://chng.it/6L4DgmCf မှ တဆင့်ဝင် ရောက် လုပ်ဆောင်နိုင်ပြီး မတ်လ ၁၅ ရက်နောက်ဆုံးထားကာ ပူးပေါင်းပါဝင်နိုင်ကြောင်း ထုတ်ပြန် ထားသည်။

(မြန်မာ့အ​ရေးနှင့်ပတ်သက်ပြီး ကုလအဖွဲ့အစည်းမှ ကူညီ​ဖြေရှင်း​ပေးရန် ​တောင်းဆိုဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​​ဖော်ဝါရီ ၁၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် စာထုတ် စိုးရိမ်နေခြင်းများကို ရပ်တန့်ကာ လက်တွေ့အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)ကို တောင်းဆိုသည့်အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုကို စတင်လိုက်သည်။

အဆိုပါ အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုကို https://chng.it/6L4DgmCf မှ တဆင့်ဝင် ရောက် လုပ်ဆောင်နိုင်ပြီး မတ်လ ၁၅ ရက်နောက်ဆုံးထားကာ ပူးပေါင်းပါဝင်နိုင်ကြောင်း ထုတ်ပြန် ထားသည်။

“ယခု petition ကတော့ ဒီလို လူ့အခွင့်အရေး အပြင်းအထန် ကျူးလွန်ချိုး‌ဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် အချက် ၄ ချက်ပါ တောင်းဆိုချက်များကို ပြည်သူလူထုမှ တောင်းဆိုသော လတ်မှတ်အရေအတွက်နှင့်တကွ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHCRကို ပေးပို့မှာဖြစ်ပါတယ်” ဟု အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှု တောင်း ဆိုသူများက ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ရေး တောင်းဆိုထားသည့်အချက် ၄ ချက်တွင် ယုတ်မာရက်စက်သောရာဇဝတ်မှုများအတွက် ကုလသမဂ္ဂမှ အခွင့်အာဏာအပ်နှင်းထားသော တရားစီရင်ရေးကို တည်ထောင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် တရားမျှတမှု ရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ရန်၊ မြန်မာ့အရေး အခြေအနေများကို ICC သို့ ပို့နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန် တို့ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်စပ်လျဉ်း၍ ICC တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံခြင်းအားဖြင့် ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃) အရ မြန်မာအစိုးရ NUG မှ တင်သွင်းသော ကြေညာချက်ကို လက်ခံရေး ICC အား တောင်းဆိုရန်၊ ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆက်လက်အတည်ပြုထားသော NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရေး ပံ့ပိုးပေးရန် တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ Justice For Myanmar -JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို