Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် စစ်အာဏာရှင်၏ လူသတ်ပွဲ တစ်နှစ်ပြည့်အဖြစ် ဘန်နာချိတ်ဆွဲ ဆန္ဒပြ

ကျောင်းသားလူငယ်များသည် “လမ်းမထက်ကျတဲ့သွေးတွေ မခြောက်သေးဘူး Never forget 14.3.2021” စာသားပါဘန်နာအား လှိုင်သာယာမြို့နယ်ရှိ ဘက်စ်ကားမှတ်တိုင်တစ်ခု၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - ABFSU

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်​ကောင်စီတပ်က အစုလိုက်၊အပြုံလိုက်သတ်ဖြတ်ခံရခြင်း တစ်နှစ်ပြည့်အဖြစ် ယနေ့ (မတ်လ ၁၄) နံနက်ပိုင်း၌ ကျောင်းသားလူငယ်များက စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ၍ ဆန္ဒပြခဲ့သည်။

ကျောင်းသားလူငယ်များသည် “လမ်းမထက်ကျတဲ့သွေးတွေ မခြောက်သေးဘူး Never forget 14.3.2021” စာသားပါဘန်နာအား လှိုင်သာယာမြို့နယ်ရှိ ဘက်စ်ကားမှတ်တိုင်တစ်ခု၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှုကို လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။