Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ၊ PDF တစ်ဦးကျဆုံး

မတ်လ ၁၅ ရက် မွန်းလွဲ ၃နာရီခန့်တွင် အင်အား ၆၀ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ရေစကြိုမြို့နယ် ဝက်ခုတ်ရွာအနီး၌ PDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်ကြောင်း ရေစကြို PDFက ထုတ်ပြန်သည်။

မတ်လ ၁၅ ရက် မွန်းလွဲ ၃နာရီခန့်တွင် အင်အား ၆၀ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ရေစကြိုမြို့နယ် ဝက်ခုတ်ရွာအနီး၌ PDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အထိအခိုက်များနိုင်ပြီး အတိအကျ မသိကြောင်း ဟုထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ကို ရေစကြို PDF၊ မြိုင် PDF၊ ဆားလင်းကြီး PDFနှင့် KG အဖွဲ့စသည့်မဟာမိတ် အဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။