Connect with us

Hi, what are you looking for?

News

အလွှာအသီးသီးမှ ပအိုဝ်းပြည်သူများ စစ်အာဏာရှင် ချုပ်ငြိမ်းရေး ပါဝင်ဆင်နွှဲကြန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ပန်ကြား

စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ပါက ပအိုဝ်းပြည်သူများသာမက ပြည်ထောင်စုကြီးတစ်ခုလုံး၏ ကံကြမ္မာကို ဖြစ်စေ၊ လူမျိုးတစ်မျိုးစီ၏ ကံကြမ္မာကို ဖြစ်စေ စစ်အာဏာရှင်စနစ်ကသာ ဖန်တီးနေမည်ဖြစ်သည်ဟု အသိပေးထားသည်။

(၇၃)နှစ်​မြောက် ပအိုဝ်းအမျိုးသား​နေ့အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ - Khun Aung Win/FB

ပအိုဝ်းပြည်သူများအနေဖြင့် ရောက်ရှိရာဒေသ ပါတီအဖွဲ့အစည်း နယ်ပယ်ကဏ္ဍ ပတ်ဝန်းကျင် အလွှာအသီးသီးမှ နေ၍ လူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူ စစ်အာ ဏာရှင်ချုပ်ငြိမ်းရေးတွင် ပူးပေါင်းပါဝင် ဆင်နွှဲကြရန် ပန်ကြားကြောင်း ပအိုင်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)က ယနေ့ ကျရောက်သည့် (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

လက်ရှိ အထွေထွေအကြပ်အတည်း ပေါင်းစုံနှင့် ပြဿနာပေါင်းစုံ၏ ဆုံချက် အရင်းအမြစ်သည် စစ်အာဏာရှင်စနစ်ဖြစ်သည့် အားလျော်စွာ စစ်အာဏာ ရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်ကိုမဆိုလှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဖယ်ရှားနိုင်ရန် ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်ကြောင်း PNFCက ဆိုသည်။

စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ပါက ပအိုဝ်းပြည်သူများသာမက ပြည်ထောင်စုကြီးတစ်ခုလုံး၏ ကံကြမ္မာကို ဖြစ်စေ၊ လူမျိုးတစ်မျိုးစီ၏ ကံကြမ္မာကို ဖြစ်စေ စစ်အာဏာရှင်စနစ်ကသာ ဖန်တီးနေမည်ဖြစ်သည်ဟု အသိပေးထားသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးသည့်နောက်တွင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်လက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(၇၃)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ ကျရောက်သည့် အချိန်သည် ပြည်ထောင်စုကြီး တဝှမ်းလုံးတွင် အလွန်ကြေကွဲစရာ ဖြစ်ရပ်ဆိုးများနှင့် ကြုံတွေ့နေရချိန်လည်းဖြစ်ကြောင်း၊ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေသည့် ကာလအတွင်း၌ပင် စစ်အာဏာသိမ်းမှုနှင့် ကြုံခဲ့ရပြီး အကျိုးဆက်အနေဖြင့် တိုင်းပြည်ကျဆုံးပျက်စီးခန်း သို့ ကျရောက်တော့မည့် အခြေအနေဆိုးများနှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း PNFC၏ သဝဏ်လွှာ၌ ပါရှိသည်။

ပြည်သူကို ရန်သူကဲ့သို့ ပြုမူဆောင်ရွက်ခြင်း၊ အရပ်သားနေအိမ်၊ ကျေးရွာ၊ ဘာသာရေး အဆောက်အဦများ အပြင် အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အစုလိုက် မီးရှို့သတ်ဖြတ်ခံရခြင်း အဖြစ်ဆိုးများနှင့်ကြုံ တွေ့ခံစား နေကြရကြောင်း၊ ပြည်ထောင်စုကြီး အတိဒုက္ခရောက်နေချိန်တွင် ပအိုဝ်းအမျိုးသားပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဘ၀တူ တိုင်းရင်း သားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူလက်တွဲ၍ စုပေါင်းရုန်းကန်ကြရမည့် အချိန်ကာလဖြစ်ကြောင်း PNFC က သဝဏ်လွှာပေးပို့တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။