Connect with us

Hi, what are you looking for?

LuduNwayOo

News

ပအိုဝ်းအမျိုးသားနေ့သို့ NUGနှင့် CRPH သဝဏ်လွှာပို့၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး အတူလက်တွဲကြိုးစားကြရန် ဖော်ပြထား

အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ နိုင်ငံ တော်၏ အာဏာကို သိမ်းယူခဲ့ရာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေး၌ ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အား ဖြည့်လျက်ရှိသည့် ပအိုဝ်းတိုင်းရင်း သားတစ်ရပ်လုံး၏ အခန်းကဏ္ဍကို လေးစားဂုဏ်ယူစွာ တန်ဖိုးထားကြောင်း CRPH၏ ကဆိုသည်။

(၇၃နှစ်​မြောက် ပအိုဝ်းအမျိုးသား​နေ့ အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ - Khun Aung Win/FB)

(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) တို့က သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ကျဆုံးရေး နှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး ပြည်သူလူထုများအားလုံး အတူလက်တွဲ ကြိုးပမ်းချီတက်ကြရန် တိုက်တွန်းကြောင်း ဖော်ပြသည်။

ယနေ့(မတ်လ ၁၆ရက်) ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခါသမယတွင် ညီနောင်ပအိုဝ်းတိုင်းရင်းသားများနှင့်တကွ နိုင်ငံတဝှမ်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းပါစေ ကြောင်း CRPH ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ နိုင်ငံ တော်၏ အာဏာကို သိမ်းယူခဲ့ရာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေး၌ ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အား ဖြည့်လျက်ရှိသည့် ပအိုဝ်းတိုင်းရင်း သားတစ်ရပ်လုံး၏ အခန်းကဏ္ဍကို လေးစားဂုဏ်ယူစွာ တန်ဖိုးထားကြောင်း CRPH၏ ကဆိုသည်။

ယနေ့အချိန်သည် စစ်အာဏာရှင်များအား အပြီးတိုင် တိုက်ထုတ်ပြီး တိုင်းရင်းသားပြည်သူများ တန်းတူ ညီမျှခြင်းနှင့် ဟန်ချက်ညီသော လူမှုအသိုက်အဝန်းအတွက် အာမခံချက်ရှိသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်ရေး အတူတကွ လက်တွဲညီစွာ ကြိုးပမ်း ဆောင်ရွက်သွားရန် အချိန်အခါကောင်းပင် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ယခုအခါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုကြသည့် ပအိုဝ်းအင်အားစုများအနေဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ ဦးဆောင်မှုအောက်၌ အတူတကွစုစည်းပြီး၊ လက်တွေ့ကျသည့်နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွဲနေကြသည်ကိုတွေ့ရှိရ၍ များစွာ ဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။

ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့မှစ၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပအိုဝ်း အမျိုးသမီး၊အမျိုးသားများပါဝင်ဆင်နွဲနေကြသောလွတ်မြောက်ရေးကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများ လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ပါစေဟုလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။