Connect with us

Hi, what are you looking for?

News

ပအိုဝ်းအမျိုးသားနေ့သို့ NUGနှင့် CRPH သဝဏ်လွှာပို့၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး အတူလက်တွဲကြိုးစားကြရန် ဖော်ပြထား

အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ နိုင်ငံ တော်၏ အာဏာကို သိမ်းယူခဲ့ရာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေး၌ ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အား ဖြည့်လျက်ရှိသည့် ပအိုဝ်းတိုင်းရင်း သားတစ်ရပ်လုံး၏ အခန်းကဏ္ဍကို လေးစားဂုဏ်ယူစွာ တန်ဖိုးထားကြောင်း CRPH၏ ကဆိုသည်။

(၇၃နှစ်​မြောက် ပအိုဝ်းအမျိုးသား​နေ့ အခမ်းအနားကျင်းပ​နေစဥ်၊ ဓာတ်ပုံ - Khun Aung Win/FB)

(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) တို့က သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ကျဆုံးရေး နှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး ပြည်သူလူထုများအားလုံး အတူလက်တွဲ ကြိုးပမ်းချီတက်ကြရန် တိုက်တွန်းကြောင်း ဖော်ပြသည်။

ယနေ့(မတ်လ ၁၆ရက်) ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခါသမယတွင် ညီနောင်ပအိုဝ်းတိုင်းရင်းသားများနှင့်တကွ နိုင်ငံတဝှမ်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းပါစေ ကြောင်း CRPH ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ နိုင်ငံ တော်၏ အာဏာကို သိမ်းယူခဲ့ရာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေး၌ ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အား ဖြည့်လျက်ရှိသည့် ပအိုဝ်းတိုင်းရင်း သားတစ်ရပ်လုံး၏ အခန်းကဏ္ဍကို လေးစားဂုဏ်ယူစွာ တန်ဖိုးထားကြောင်း CRPH၏ ကဆိုသည်။

ယနေ့အချိန်သည် စစ်အာဏာရှင်များအား အပြီးတိုင် တိုက်ထုတ်ပြီး တိုင်းရင်းသားပြည်သူများ တန်းတူ ညီမျှခြင်းနှင့် ဟန်ချက်ညီသော လူမှုအသိုက်အဝန်းအတွက် အာမခံချက်ရှိသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်ရေး အတူတကွ လက်တွဲညီစွာ ကြိုးပမ်း ဆောင်ရွက်သွားရန် အချိန်အခါကောင်းပင် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ယခုအခါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုကြသည့် ပအိုဝ်းအင်အားစုများအနေဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ ဦးဆောင်မှုအောက်၌ အတူတကွစုစည်းပြီး၊ လက်တွေ့ကျသည့်နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွဲနေကြသည်ကိုတွေ့ရှိရ၍ များစွာ ဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။

ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့မှစ၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပအိုဝ်း အမျိုးသမီး၊အမျိုးသားများပါဝင်ဆင်နွဲနေကြသောလွတ်မြောက်ရေးကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများ လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ပါစေဟုလည်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို