Connect with us

Hi, what are you looking for?

News

ကရင်နီပြည်သို့ ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ် ထပ်မံ အင်အားဖြည့်တင်း​​နေ

နေ့စဥ်နှင့်အမျှ ကရင်နီဒေသတွင်း အပါအဝင် ၎င်းနှင့် ဆက်စပ်နေသည့် ဖယ်ခုံ နှင့် မိုးဗြဲမြို့တို့၌ တိုက်ပွဲများဖြစ်ပွားနေကာ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဥ်များ အပါအဝင် ယခုနောက်ပိုင်းတွင် အတွဲလိုက်ဒုံး စနစ်များဖြင့် ထိုးစစ်ဆင်နေသည်။

(ပုံအ​ဟောင်း - စစ်​ကောင်စီတပ်က ကရင်နီပြည်သို့ ထိုးစစ်ဆင်ရန်ယာဥ်များဖြင့်သွား​ရောက်​​နေစဥ်၊ ဓာတ်ပုံ - လွိုင်​ကော် PDF)

အကြမ်းဖက်စစ်ကောင်စီတပ်သားများ တင်​ဆောင်လာသည့် စစ်ကား ၁၀စီးကျော်မှာ ကရင်နီ(ကယား) ပြည် နယ်သို့ ဦးတည်လာပြီး ထိုးစစ်ဆင်ရန်ထပ်မံအင်အားဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယနေ့(မတ်လ ၁၇ ရက်) နံနက် ၃ နာရီခန့်က ရှမ်း-ကယားဒေသအစပ်မြို့များသို့ အဆိုပါအင်အား ဖြည့်စစ်ယာဥ်တန်းများ ဖြတ်သန်းသွားသည်ဟု Kayan Generation Youth ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

“အတိအကျဆို မနက် ၃ နာရီ ၄၄ မိနစ်မှာ ပင် လောင်းကို ဖြတ်သွားခဲ့တယ်။အဲဒီကနေ ဖယ်ခုံ – မိုးဗြဲ-လွိုင်ကော် လမ်းအတိုင်းဆက်တက်နေတာပေါ့”ဟု ၎င်းက ပြော သည်။

နေ့စဥ်နှင့်အမျှ ကရင်နီဒေသတွင်း အပါအဝင် ၎င်းနှင့် ဆက်စပ်နေသည့် ဖယ်ခုံ နှင့် မိုးဗြဲမြို့တို့၌ တိုက်ပွဲများဖြစ်ပွားနေကာ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဥ်များ အပါအဝင် ယခုနောက်ပိုင်းတွင် အတွဲလိုက်ဒုံး စနစ်များဖြင့် ထိုးစစ်ဆင်နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အခု သူတို့အင်အားဖြည့်နေတဲ့ လမ်းကြောင်းအတိုင်းဆို ရင် ဖယ်ခုံနဲ့ မိုးဗြဲကို စစ်အင်အား ထပ်တိုးတာလို့ပဲ ယေဘုယျပြောလို့ရတယ်”ဟု ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ယမန်နေ့က ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖယ်ခုံ PDF ရဲဘော်နှစ်ဦး ကျဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးပေ။

ထို့အပြင် ယနေ့(မတ်လ ၁၇ ရက်) နံနက် ၆ နာရီခွဲခန့်ကစ၍ ဒီးမောဆိုမြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးအများအပြား အသုံးပြုနေသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။