Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပြည်သို့ ထိုးစစ်ဆင်ရန် စစ်ကောင်စီတပ် ထပ်မံ အင်အားဖြည့်တင်း​​နေ

နေ့စဥ်နှင့်အမျှ ကရင်နီဒေသတွင်း အပါအဝင် ၎င်းနှင့် ဆက်စပ်နေသည့် ဖယ်ခုံ နှင့် မိုးဗြဲမြို့တို့၌ တိုက်ပွဲများဖြစ်ပွားနေကာ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဥ်များ အပါအဝင် ယခုနောက်ပိုင်းတွင် အတွဲလိုက်ဒုံး စနစ်များဖြင့် ထိုးစစ်ဆင်နေသည်။

(ပုံအ​ဟောင်း - စစ်​ကောင်စီတပ်က ကရင်နီပြည်သို့ ထိုးစစ်ဆင်ရန်ယာဥ်များဖြင့်သွား​ရောက်​​နေစဥ်၊ ဓာတ်ပုံ - လွိုင်​ကော် PDF)

အကြမ်းဖက်စစ်ကောင်စီတပ်သားများ တင်​ဆောင်လာသည့် စစ်ကား ၁၀စီးကျော်မှာ ကရင်နီ(ကယား) ပြည် နယ်သို့ ဦးတည်လာပြီး ထိုးစစ်ဆင်ရန်ထပ်မံအင်အားဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယနေ့(မတ်လ ၁၇ ရက်) နံနက် ၃ နာရီခန့်က ရှမ်း-ကယားဒေသအစပ်မြို့များသို့ အဆိုပါအင်အား ဖြည့်စစ်ယာဥ်တန်းများ ဖြတ်သန်းသွားသည်ဟု Kayan Generation Youth ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

“အတိအကျဆို မနက် ၃ နာရီ ၄၄ မိနစ်မှာ ပင် လောင်းကို ဖြတ်သွားခဲ့တယ်။အဲဒီကနေ ဖယ်ခုံ – မိုးဗြဲ-လွိုင်ကော် လမ်းအတိုင်းဆက်တက်နေတာပေါ့”ဟု ၎င်းက ပြော သည်။

နေ့စဥ်နှင့်အမျှ ကရင်နီဒေသတွင်း အပါအဝင် ၎င်းနှင့် ဆက်စပ်နေသည့် ဖယ်ခုံ နှင့် မိုးဗြဲမြို့တို့၌ တိုက်ပွဲများဖြစ်ပွားနေကာ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဥ်များ အပါအဝင် ယခုနောက်ပိုင်းတွင် အတွဲလိုက်ဒုံး စနစ်များဖြင့် ထိုးစစ်ဆင်နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အခု သူတို့အင်အားဖြည့်နေတဲ့ လမ်းကြောင်းအတိုင်းဆို ရင် ဖယ်ခုံနဲ့ မိုးဗြဲကို စစ်အင်အား ထပ်တိုးတာလို့ပဲ ယေဘုယျပြောလို့ရတယ်”ဟု ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ယမန်နေ့က ဖယ်ခုံမြို့နယ် ဆောင်ကန်းကျေးရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖယ်ခုံ PDF ရဲဘော်နှစ်ဦး ကျဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးပေ။

ထို့အပြင် ယနေ့(မတ်လ ၁၇ ရက်) နံနက် ၆ နာရီခွဲခန့်ကစ၍ ဒီးမောဆိုမြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးအများအပြား အသုံးပြုနေသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။