Connect with us

Hi, what are you looking for?

LuduNwayOo

News

PDFတပ်ဖွဲ့များ၏ ဆောင်ရွက်မှု တာဝန်ယူ၊ တာဝန်ခံမှုရှိ​စေ​ရေးနှင့် တရားဥပဒေနှင့်အညီဖြစ်စေရန် NUG ခေါင်းဆောင်များ ညွှန်ကြား

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်နှင့် ယနေ့(မတ်လ ၁၇ရက်) တွေ့ဆုံစဉ် အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဆောင်ရွက်မှုများအား တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစေပြီး တရားဥပဒေနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက လမ်းညွှန်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်နှင့် ယနေ့(မတ်လ ၁၇ရက်) တွေ့ဆုံစဉ် အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲများက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ဆောင်ရွက်မှုများအား တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစေပြီး တရားဥပဒေနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်တာဝန်ရှိသူများက လက်တလော ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည့် အမှုခင်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားတင်ပြဆွေးနွေးခဲ့သည်ဟု ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်အား ၂၀၂၁ ဒီဇင်ဘာက စတင် ဖွဲ့စည်းခဲ့ ပြီး ၂၀၂၂ မတ်လတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။