Connect with us

Hi, what are you looking for?

News

PDFတပ်ဖွဲ့များ၏ ဆောင်ရွက်မှု တာဝန်ယူ၊ တာဝန်ခံမှုရှိ​စေ​ရေးနှင့် တရားဥပဒေနှင့်အညီဖြစ်စေရန် NUG ခေါင်းဆောင်များ ညွှန်ကြား

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်နှင့် ယနေ့(မတ်လ ၁၇ရက်) တွေ့ဆုံစဉ် အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဆောင်ရွက်မှုများအား တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစေပြီး တရားဥပဒေနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက လမ်းညွှန်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်နှင့် ယနေ့(မတ်လ ၁၇ရက်) တွေ့ဆုံစဉ် အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲများက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ဆောင်ရွက်မှုများအား တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစေပြီး တရားဥပဒေနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်တာဝန်ရှိသူများက လက်တလော ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည့် အမှုခင်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားတင်ပြဆွေးနွေးခဲ့သည်ဟု ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်အား ၂၀၂၁ ဒီဇင်ဘာက စတင် ဖွဲ့စည်းခဲ့ ပြီး ၂၀၂၂ မတ်လတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။