Connect with us

Hi, what are you looking for?

LuduNwayOo

News

ကော့ကရိတ်တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်

သုံးလောင်းပြိုင်လူသတ်မှုသည်ကော့ဂရိတ်မြို့နယ်၊ကော့ဘိန်းကျေးရွာတွင် ယမန်နေ့(မတ် ၁၇ရက်)က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် အမျိုးသားတစ်ဥိးက ဇနီးဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်လိုက်ပြီး ရန်ပွဲဖြန်​ဖြေရန်လာ​သောအိမ်နီးချင်းလင်မယားနှစ်ဦးကိုပါ ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။

သုံးလောင်းပြိုင်လူသတ်မှုသည်ကော့ဂရိတ်မြို့နယ်၊ကော့ဘိန်းကျေးရွာတွင် ယမန်နေ့(မတ် ၁၇ရက်)က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သေနတ်သမားက အဖော်တစ်ယောက်နဲ့အတူ ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်တာ။ အိမ်သားတစ်ယောက်က ထွက်ပြေးပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတယ်။ အိမ်နီးချင်း လင်မယားနှစ်ယောက်က ရောက်လာတဲ့အချိန် သေနတ်နဲ့ထပ်ပစ်လို့ သေသွားတယ်။ စုစုပေါင်း သုံးယောက်သေတယ်။ သေနတ်သမားက ထွက်​ပြေးသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူများမှာ သေနတ်ပစ်ခတ်သူ၏ ဇနီး မိထော်မွန်(အသက် ၃၂နှစ်)၊ အိမ်နီးချင်းလင်မယား ဦး​ရွှေအိုး(အသက် ၃၂နှစ်) နှင့် ဒေါ်မြင့်(အသက် ၃၂နှစ်)တို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

သေနတ်သမားသည် မူးယစ်ဆေးကြောင်နေသူဟု ဒေသခံများကပြောသော်လည်း People’s Springအ​နေဖြင့် အတည်မပြုနိူင်သေးပေ။ အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းထားစဥ်ကာလတွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘဲ ရန်ကုန်မြို့ အပါအဝင်မြို့ကြီးများတွင် နေ့ခင်း
ကြောင်တောင် လုယက်မှုကျုးလွန်မှု မကြာခဏဖြစ်ပွားလာသည်။ ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း မကြာ​သေးမီကလူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကို အမျိုးသားလေးဦးက အုပ်စုဖွဲ့သတ်ဖြတ်မှု ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။