Connect with us

Hi, what are you looking for?

News

ကော့ကရိတ်တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်

သုံးလောင်းပြိုင်လူသတ်မှုသည်ကော့ဂရိတ်မြို့နယ်၊ကော့ဘိန်းကျေးရွာတွင် ယမန်နေ့(မတ် ၁၇ရက်)က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် အမျိုးသားတစ်ဥိးက ဇနီးဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်လိုက်ပြီး ရန်ပွဲဖြန်​ဖြေရန်လာ​သောအိမ်နီးချင်းလင်မယားနှစ်ဦးကိုပါ ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။

သုံးလောင်းပြိုင်လူသတ်မှုသည်ကော့ဂရိတ်မြို့နယ်၊ကော့ဘိန်းကျေးရွာတွင် ယမန်နေ့(မတ် ၁၇ရက်)က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သေနတ်သမားက အဖော်တစ်ယောက်နဲ့အတူ ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်တာ။ အိမ်သားတစ်ယောက်က ထွက်ပြေးပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတယ်။ အိမ်နီးချင်း လင်မယားနှစ်ယောက်က ရောက်လာတဲ့အချိန် သေနတ်နဲ့ထပ်ပစ်လို့ သေသွားတယ်။ စုစုပေါင်း သုံးယောက်သေတယ်။ သေနတ်သမားက ထွက်​ပြေးသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူများမှာ သေနတ်ပစ်ခတ်သူ၏ ဇနီး မိထော်မွန်(အသက် ၃၂နှစ်)၊ အိမ်နီးချင်းလင်မယား ဦး​ရွှေအိုး(အသက် ၃၂နှစ်) နှင့် ဒေါ်မြင့်(အသက် ၃၂နှစ်)တို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

သေနတ်သမားသည် မူးယစ်ဆေးကြောင်နေသူဟု ဒေသခံများကပြောသော်လည်း People’s Springအ​နေဖြင့် အတည်မပြုနိူင်သေးပေ။ အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းထားစဥ်ကာလတွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘဲ ရန်ကုန်မြို့ အပါအဝင်မြို့ကြီးများတွင် နေ့ခင်း
ကြောင်တောင် လုယက်မှုကျုးလွန်မှု မကြာခဏဖြစ်ပွားလာသည်။ ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း မကြာ​သေးမီကလူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကို အမျိုးသားလေးဦးက အုပ်စုဖွဲ့သတ်ဖြတ်မှု ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။