Connect with us

Hi, what are you looking for?

News

မြို့မရဲသင်​တန်း​ကျောင်းတိုက်ခိုက်မှု ရဲ၁၃ဦး​သေ၊ စစ်​ကောင်စီက သတင်းဖုံးထားပြီး​ သေသူများ၏မိသားစုကိုပင် အသိမ​ပေးဟု People’s Force ထုတ်ပြန်

စစ်ကောင်စီသည် ၎င်းတို့ဘက်တော်သားများ ကျဆုံးသည်ကို မီဒီယာများကို သာမက ကျဆုံးသူ မိသားစုဝင်များကိုပါ အသိပေးခြင်းမရှိဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက် ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်း တိုက်ခိုက်ခံရသည့်ဖြစ်စဥ် တွင် စစ်ကောင်စီလက်​အောက်ခံရဲ၁၃ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့အင်အားစု People’s force က ယနေ့ ထုတ်ပြန်သည်။

ထို့အပြင် အတွင်းသတင်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်သားများ သေဆုံးခဲ့သည့် သတင်းကို အသည်းအသန်လိုက်လံ ဖုံးဖိနေကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ဘက်တော်သားများ ကျဆုံးသည်ကို မီဒီယာများကို သာမက ကျဆုံးသူ မိသားစုဝင်များကိုပါ အသိပေးခြင်းမရှိဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် ရဲဘော်ရဲဘက် နှင့် လူချင်းစာနာစိတ်မရှိသော အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ အမြန်ဆုံးစွန့်ခွာ၍ ပြည်သူ့ရင်ခွင် ထံဝင်ရောက်ရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြို့မရဲသင်တန်းကျောင်းစစ်ဆင်ရေးမှာ မတ်လ ၇ ရက် ည ၇ နာရီ မှ စတင်ခဲ့ပြီး ၁၅ မိနစ်ကြာမြင့်ကာသင်တန်း ဆင်းပွဲအကြိုလေ့ကျင့်နေစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီဖက်မှ အကျ အဆုံးများနိုင်ကြောင်း People’s force က ကနဦးထုတ်ပြန်ထားသည်။

လက်ပစ်ဗုံးများဖြင့် ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရဲများထွက်လာချိန်၌ ၄၀ မမ ဖြင့်ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်​နေချိန်တွင် သင်တန်း​ကျောင်းအနီးရှိလမ်း​ပေါ်တွင် ပြည်သူများ၏ ကားအစီး​ရေများစွာလည်းရှိသဖြင့် ပြည်သူများကိုထိ့ခိုက်မည်စိုး၍ စစ်ဆင်​ရေးကို ရုပ်သိမ်းခဲ့ခြင်းဖြစ်​ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်