Connect with us

Hi, what are you looking for?

News

သထုံတွင် ဘုရားပွဲသို့ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

သေဆုံးသူများမှာ ကျောက်တောင်ကျေးရွာမှ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ဦး၊ (၇)နှစ်အရွယ်ကလေးတစ်ဦးနှင့် ပိန္နဲတောရွာမှ အသက် (၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

သထုံမြို့နယ်ရှိ ဘုရားပွဲတစ်ခုသို့ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက်(၇)နှစ်အရွယ် ကလေးနှင့်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီးခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

မတ်လ ၁၉ရက် ည ၈နာရီခွဲတွင် သထုံမြို့နယ်၊ ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၉) တပ်ခွဲမှ ကျောက်တောင်ကျေးရွာရှိဘုရားပွဲသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဘုရားပွဲခင်းအနီး ၂ချက်ကျရောက်ပြီး ပွဲချင်းထဲသို့ တစ်ချက် ကျရောက်ခဲ့ရာ ပြည်သူ ၁၀ဦးထိခိုက်ကာသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

သေဆုံးသူများမှာ ကျောက်တောင်ကျေးရွာမှ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ဦး၊ (၇)နှစ်အရွယ်ကလေးတစ်ဦးနှင့် ပိန္နဲတောရွာမှ အသက် (၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

ထို့ပြင် ကားနှစ်စီးနှင့် ဆိုင်ကယ် တစ်စီးထိခိုက်ပျက်စီးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုနေအထိုင်ရာကျေးရွာများ၊လုပ်ငန်းခွင်များ၊ စစ်ရှောင်စခန်းများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အရပ်သားပြည်သူလူထု ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။