Connect with us

Hi, what are you looking for?

News

နေပြည်တော်သင်္ကြန် လာရောက်ဖျော်ဖြေမည့် အစီအစဥ် ဖျက်သိမ်း၍ မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း စင်ကာပူ DJအဖွဲ့ပြသ

မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာရန်နှင့် မြန်မာပရိတ်သတ်များနှင့် မကြာမီဆုံတွေ့ရန် မျှော်လင့်ကြောင်း Rave Republic က ဆိုသည်။

မြန်မာပြည်သူများကို အားပေးထောက်ခံသည့်အနေဖြင့် နေပြည်တော် သက်ြန်ပွဲကို လာရောက်ဖျော်​ဖြေမည်မဟုတ်ကြောင်း စင်ကာပူ DJ အဖွဲ့ Rave Republic က ကြေညာသည်။

Rave Republic အဖွဲ့သည် မြန်မာပြည်အခြေအနေကို ကောင်းစွာမသိရှိ၍ နေပြည်တော် သက်ြန်ပွဲတွင် လာရောက်ဖျော်​ဖြေရန် လက်ခံထားခဲ့သော်လည်း မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် ချက်ချင်းဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

“ခင်ဗျားတို့ရဲ့ တုံ့ပြန်မှုတွေကို ဖတ်ရှုအပြီးမှာ ခင်ဗျားတို့ကို အားပေးထောက်ခံတဲ့အနေနဲ့ ရှိုးပွဲကို ဖျက်သိမ်းဖို့ ကျွန်တော်တို့ ချက်ချင်းဆုံးဖြတ်ခဲ့ပါတယ်”ဟု Rave Republic က အသိပေးသည်။

မြန်မာနိုင်ငံအခြေအနေ တိုးတက်ကောင်းမွန်လာရန်နှင့် မြန်မာပရိတ်သတ်များနှင့် မကြာမီဆုံတွေ့ရန် မျှော်လင့်ကြောင်း Rave Republic က ဆိုသည်။

Public Service Announcement

Public Service Announcement

တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများသည် ယခင်နှစ် သက်ြန်ပွဲတော်ကိုမဆင်နွှဲဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး အကြမ်းဖက်စစစ်ကောင်စီကာလတွင် သက်ြန်ပွဲတော်ကို ဆင်နွှဲလိုခြင်း မရှိကြပေ။

အကြမ်းဖက်စစ်ကောင်စီကမူ နိုင်ငံအား ပုံမှန်အခြေ အနေပြန်ရောက်နေကြောင်းကို ပုံဖော်ရန် လာမည့်သက်ြန်ပွဲကို ကျင်းပရန် ပြင်ဆင်ကြိုးပမ်းနေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။