Connect with us

Hi, what are you looking for?

News

မင်းကင်းနယ်ရှိ စစ်ရှောင်များအားလက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ငါးဦးသေနိုင်ဟု တောင်တွင်း PDFပြော

“တောင်တွင်းအောက်ဖက်ပိုင်းမှာက သုံးနေရာခွဲပြီးတပ်စွဲထားတာ အခုလာတဲ့အဖွဲ့က ဘယ်အဖွဲ့ကလို့ သေချာမသိရပါဘူး။ကျော်ရွာကိုလာတာတော့သေချာတယ်။ ကျော်ရွာမှာ တပ်စွဲပြီး ပျူစောထီး သင်တန်းပေးမယ်လို့ ကျွန်တော်တို့ကြားသိထားရပါတယ်”ဟု TDPDF(MinGin) အဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား လက်နက်ကြီးနှင့်ပါ ပစ်ခတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ငါးဦးခန့်သေဆုံးနိုင်ကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၂၀ ရက်)ည ၁၀နာရီခွဲခန့်က မင်းကင်းမြို့နယ် ကျော်ရွာသို့ထွက်လာ​​သော စစ်ကားတစ်စီးနှင့် ဆိုင်ကယ်သုံးစီးကို မယ်မဲတောင်ကုန်းအနီးတွင် တောင်တွင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ TDPDF(MinGin)အဖွဲ့မှ မိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်သုံးစီး မိုင်းထိသွားပြီး အကြမ်းဖက်စစ်သား ငါးဦးခန့်သေဆုံးနိုင်ကြောင်း TDPDF(MinGin)အဖွဲ့က သတင်းထုတ်ပြန် သည်။

“တောင်တွင်းအောက်ဖက်ပိုင်းမှာက သုံးနေရာခွဲပြီးတပ်စွဲထားတာ အခုလာတဲ့အဖွဲ့က ဘယ်အဖွဲ့ကလို့ သေချာမသိရပါဘူး။ကျော်ရွာကိုလာတာတော့သေချာတယ်။ ကျော်ရွာမှာ တပ်စွဲပြီး ပျူစောထီး သင်တန်းပေးမယ်လို့ ကျွန်တော်တို့ကြားသိထားရပါတယ်”ဟု TDPDF(MinGin) အဖွဲ့က အသိပေးသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်အား ၎င်းတို့တပ်စွဲထားရာ အနီးတဝိုက်ရှိကျေးရွာများကို ဝင်ရောက်မွှေနှောက်ခြင်း၊ လက်ဝတ်ရတနာများနှင့် ငွေကြေးများအား အဓမ္မယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ပြီး ဒေသခံပြည်သူများ၏ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခြင်း ယူဆောင်သွားခြင်းများ ပြုလုပ်သွားကြောင်း၊အဆိုးဆုံးမှာ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများထံမှ ဆီပုန်းများ ဆန်အိတ်များကိုလည်း ယူဆောင်သွားပြီး စစ်ဘေးရှောင်ပြည်သူများတည်ရှိရာအရပ်သို့ လက်နက်ကြီးများနှင့် ပစ်ခတ်ခြောက်လှန့်မှုများလည်း ညစဥ်ပြုလုပ်လျက်ရှိကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။