Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် ဂျီနိုဆိုက်ကျူးလွန်ကြောင်း အမေရိကန်တရားဝင်ကြေညာ

အန်တိုနီဘလင်ကန်သည် ဝါရှင်တန်မြို့တော်ရှိ Holocaust Memorial Museum ၌ ‘မြန်မာပြည်၏ ဂျီနိုဆိုက်ကျူးလွန်မှုဆီသွားရာလမ်း’ဟု အမည်ပေးထားသော ပြပွဲကို လှည့်လည်ကြည့်ရှုပြီးနောက် မြန်မာစစ်တပ်၏ ဂျီနိုဆိုက်ကျူးလွန်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။

ကိုးကား - NBC

မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူနည်းစုများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း(genocide)နှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့် ရာဇဝတ်မှုများ(crimes against humanity)ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယနေ့ တရားဝင်ကြေညာသည်။

“Holocaust အလွန် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း ၇ ခုကို အမေရိကန်က သတ်မှတ်ခဲ့ပြီးပါပြီ။ ဒီနေ့ကတော့ ၈ ခုမြောက်ပါ။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းနဲ့ လူသားမျိုးနွယ်စုကိုဆန့်ကျင်သော ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောသည်။

အန်တိုနီဘလင်ကန်သည် ဝါရှင်တန်မြို့တော်ရှိ Holocaust Memorial Museum ၌ ‘မြန်မာပြည်၏ ဂျီနိုဆိုက်ကျူးလွန်မှုဆီသွားရာလမ်း’ဟု အမည်ပေးထားသော ပြပွဲကို လှည့်လည်ကြည့်ရှုပြီးနောက် မြန်မာစစ်တပ်၏ ဂျီနိုဆိုက်ကျူးလွန်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဩဂုတ်နောက်ပိုင်းတွင် မွတ်ဆလင်ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းတို့သည် လူနေသိပ်သည်းသော ဒုက္ခသည်စခန်းများ၌ နေထိုင်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် မုဒိန်းကျင့်ခြင်းနှင့် မီးရှို့ခြင်းများ ကျူးလွန်ကာ ထွက်ပြေးစေခဲ့ကြောင်း ဒုက္ခသည်များက စွပ်စွဲသည်။ ယင်းစွပ်စွဲချက်များကို မြန်မာစစ်တပ်က ငြင်းဆန်ထားသည်။

“အာဏာသိမ်းချိန်ကစလို့ စစ်တပ်ဟာ ၁,၆၀၀ ကျော်သော အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်များကို သတ်ဖြတ်ခဲ့ပြီး အလွန်ဆိုးရွားတဲ့အခြေအနေတွေမှာ လူပေါင်း ၁၂,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ထိန်းသိမ်းခံရသူ အများစုဟာ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ခံခဲ့ရပါတယ်”ဟု ဝန်ကြီး ဘလင်ကန်က ပြောသည်။

ယခင်က အမေရိကန်အစိုးရသည် မြန်မာစစ်တပ်အနေဖြင့် ရိုဟင်ဂျာများအပေါ် ‘မျိုးနွယ်စု ရှင်းလင်းခြင်း(ethnic cleansing)’လုပ်ဆောင်ခဲ့ကြောင်း ကြိမ်ဖန်များစွာ သုံးနှုန်းခဲ့ပြီး ၂၀၁၉တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင် လေးဦးကို ပိတ်ဆို့ ဒဏ်ခတ်ခဲ့သည်။

လက်ရှိ အမေရိကန်အစိုးရ ဂျီနိုဆိုက်အဖြစ် သတ်မှတ်ကြေညာအပြီး ဥပဒေအရ တိကျသည့်အရေးယူဆောင်ရွက်မှုရှိမည်မဟုတ်သော်လည်း ပြီးခဲ့သည့်နှစ်တွင် အာဏာသိမ်းခဲ့သော မြန်မာ စစ်တပ်အပေါ် နိုင်ငံတကာ၏ ဖိအားပေးမှု မြင့်တက်လာစေမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။