Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ရေးနည်းပညာနဲ့လေယာဉ်ဆီတွေ စစ်ကောင်စီထံမရောက်ဖို့ ကုလလူ့အခွင့်အရေးကောင်စီထံတောင်းဆို

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အန်ဒရူးက မတ်လ ၂၁ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာကို တင်သွင်းလိုက်တာပါ။

စစ်ရေးအရ အသုံးချနိုင်မယ့် နည်းပညာတွေနဲ့ လေယာဉ်ဆီတွေ ကို စစ်ကောင်စီထံ မရောက်အောင် အမြန်ဆုံးရပ်တန့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီထံ တင်သွင်းလိုက်ပါတယ်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အန်ဒရူးက မတ်လ ၂၁ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာကို တင်သွင်းလိုက်တာပါ။

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ မြန်မာပြည်သူတွေအပေါ် လူသားမျိုးနွယ်တစ်ခုလုံးပေါ် ကျုးလွန်မှုရော ၊ စစ်ရာဇဝတ်မှု ရော မြောက်နေပြီလို့ ထပ်လောင်းပြောထားပါတယ်။

NUG ကို ပြည်သူ့ ကိုယ်စားပြုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ လည်း ထပ်မံတိုက်တွန်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကောင်စီဟာ သူတို့ကျုးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံနိုင်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေမှာ တင်ပို့နိုင်ဖို့ ကြိုးစားမှုကိုလည်းအားပေးထောက်ခံသွားတယ်လို့သိရပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံဟာ တနေ့တခြားဆိုးဝါးပြင်းထန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အသေးစိတ်ဖော်ပြထားတာကြည့်ရင် မြေပြင်အခြေအနေတွေ မြေပြင်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုကောင်းတာကို တွေ့နိုင်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။