Connect with us

Hi, what are you looking for?

News

စစ်ရေးနည်းပညာနဲ့လေယာဉ်ဆီတွေ စစ်ကောင်စီထံမရောက်ဖို့ ကုလလူ့အခွင့်အရေးကောင်စီထံတောင်းဆို

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အန်ဒရူးက မတ်လ ၂၁ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာကို တင်သွင်းလိုက်တာပါ။

စစ်ရေးအရ အသုံးချနိုင်မယ့် နည်းပညာတွေနဲ့ လေယာဉ်ဆီတွေ ကို စစ်ကောင်စီထံ မရောက်အောင် အမြန်ဆုံးရပ်တန့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီထံ တင်သွင်းလိုက်ပါတယ်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အန်ဒရူးက မတ်လ ၂၁ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာကို တင်သွင်းလိုက်တာပါ။

အဲဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ မြန်မာပြည်သူတွေအပေါ် လူသားမျိုးနွယ်တစ်ခုလုံးပေါ် ကျုးလွန်မှုရော ၊ စစ်ရာဇဝတ်မှု ရော မြောက်နေပြီလို့ ထပ်လောင်းပြောထားပါတယ်။

NUG ကို ပြည်သူ့ ကိုယ်စားပြုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ လည်း ထပ်မံတိုက်တွန်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကောင်စီဟာ သူတို့ကျုးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံနိုင်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေမှာ တင်ပို့နိုင်ဖို့ ကြိုးစားမှုကိုလည်းအားပေးထောက်ခံသွားတယ်လို့သိရပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံဟာ တနေ့တခြားဆိုးဝါးပြင်းထန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အသေးစိတ်ဖော်ပြထားတာကြည့်ရင် မြေပြင်အခြေအနေတွေ မြေပြင်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုကောင်းတာကို တွေ့နိုင်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Appleက ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ဖုန်း အမျိုးအစားဖြစ်တဲ့ Apple Duoကို မိတ်ဆက် ပြသခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဆောင်းပါး

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ? – မဲခေါင် ရေးသားသည်။ CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး...