Connect with us

Hi, what are you looking for?

News

မုံရွာ-အမြင့်လမ်းပိုင်းတွင် မိုးရွာသွန်း၍ မိုင်းများထကွဲနေသောကြောင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး

လမ်းပြန်လည်အသုံးပြုခွင့်အား ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်လမ်းပိုင်းတွင် မိုးရွာသွန်း၍ မိုင်းများထကွဲနေသော ကြောင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေးကြေညာသည်။

ယနေ့(မတ်လ ၂၃ ရက်)မှစတင်ကာ မုံရွာ-အမြင့်လမ်းပိုင်းအား အရေးပေါ် အခြေအနေကြောင့် မိုးရွာ၍ မိုင်းများထကွဲခြင်းများဖြစ်နေပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွား လာခြင်းမပြုလုပ်ကြရန် အရေးပေါ်ကိစ္စရှိမှသာလျှင် မုံရွာ-အမြင့်လမ်းအား အသုံးပြုကြပါရန် ညီနောင်မဟာမိတ်များ ဖြစ်သည့်Monuwa Lightning PDF၊ Monywa Peregrine PDF၊ Black Wolf Defence force၊ Chaung U Local Defence Force၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army၊ Farmers Revolution Force CHU၊ Black Eagle People’s Defence Force၊ Monywa Brave Hearts MBH၊ Dragon Brother’s PDF နှင့်ဗန္ဓုလ-အဖွဲ့သားများ တို့မှ လမ်းအသုံးပြုခွင့်ယာယီပိတ်ထားကြောင်း အသိပေးကြေညာသည်။

လမ်းပြန်လည်အသုံးပြုခွင့်အား ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(မတ်လ ၂၀ ရက်)ည ၁၀နာရီခွဲဝန်းကျင်က မြင်းမူမှ ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ထားသော လူနာအားမုံရွာတိုးဂိတ်ထိ သွားရောက်ခေါ် ဆောင်ကာ မုံရွာဆေးရုံကြီး သို့ပို့ဆောင်ရန် ကွက်ကဲရေးရုံးမှ လူနာတင်ယာဉ် တစ်စီး ထွက်သွားခဲ့ကြောင်း၊ လူနာသွားရောက်ခေါ်ဆောင်သောကားသည် ကားကွင်း(အသစ်) မရောက်ခင်တွင် မိုင်းဆွဲခြင်း ခံခဲ့ရပါသဖြင့် မော်တော်ယာဉ်မှာအသေးစား ပျက်စီးမှူများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာ)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။