နယ်ခြားစောင့်ရဲတပ်သား ကိုသန့်ဇင်ကိုသည် ပြည်သူနှင့်အတူပူးပေါင်းလာကြောင်း The Youth Force (Saw & Kyaukhtu)က ယနေ့(မတ်လ ၂၄ရက်) ထုတ်ပြန်သည်။
ကိုယ်ပိုင်အမှတ် လ/ ၂၅၂၆၂၃ ၊ နယ်ခြားစောင့်ရဲတပ်သား ကိုသန့်ဇင်ကိုသည် မတ်လ ၂၂ရက်တွင် တာဝန်မှရပ်နားပြီး CDM ဝန်ထမ်းအဖြစ် The Youth Force (Saw & Kyaukhtu)တွင် ခိုလှုံလာခဲ့ခြင်းဖြစ် သည်။
ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ယနေ့(မတ်လ ၂၄ ရက်) တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ကြောင်း The Youth Force (Saw & Kyaukhtu) က ဆိုသည်။
“အဝေးကြီးကနေလာပြီး ပြည်သူ့ရင်ခွင်ဝင်လာတာပါ။စက်လက်နက် မပါဘူးဆိုပေမယ့် ထိုက်သင့်တဲ့ငွေကြေး ထုတ်ပေးခဲ့ပါတယ်”ဟု The Youth Force (Saw & Kyaukhtu)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ယခု ရဲတပ်သားအပါအဝင် The Youth Force (Saw & Kyaukhtu)ထံသို့ CDM ပြုလုပ်ပြီး လာရောက်ပူးပေါင်းသော ရဲနှင့်စစ်သား ၁၂ ဦးရှိပြီဖြစ်သည်။
နောက်နောင်တွင် စစ်လက်နက်ပစ္စည်းအပြည့်အစုံ (Full Equipment) နှင့်တကွ The Youth Force (Saw & Kyaukhtu) အဖွဲ့ထံ ဝင်ရောက် လာပါက ထိုက်တန်သော ဆုကြေးငွေကိုပေး အပ်၍ ယခုလို လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။


















































