Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန္နားစီးနှင့်နတ်သဘင်လုပ်ငန်းများအပါအဝင် လုပ်ငန်း ၈၀၀​ကျော်ကို စစ်​ကောင်စီကကိုဗစ်​ချေး​ငွေထုတ်​ပေးဟုဆို

ကမ္ဘာ့ကပ်ရောဂါ မတိုင်ခင်ကတည်းက လုပ်ငန်းများရပ်ဆိုင်းထားရခြင်းကြောင့် ငွေကြေးအထောက်အပံ့ လိုအပ်သဖြင့်ယခုလိုချေးငွေလျှောက်ထားရခြင်းဖြစ်သည်ဟု ချေးငွေရရှိခဲ့သူတစ်ဦးပြောသည်။

(ကန္နားစီးနှင့် နတ်သဘင်လုပ်ငန်း နတ်ဆရာအချို့။ ဓါတ်ပုံ-CJ)

●နတ်ဆရာများ ၊ဇာတ်ပွဲများ၊ဆိုင်းဝိုင်းများမှာ​ကျေးလက်​နေပြည်သူများအ​ပေါ်လွှမ်းမိုးမှုရှိ၍ စစ်​ကောင်စီကဝါဒဖြန့်ရာတွင်အသုံးချရန်ဖြစ်နိုင်ဟုလုပ်ငန်းရှင်အချို့သုံးသပ်

မိုးကြိုးငှက်ငယ်လေးများအဖွဲ့နှင့် ကန္နားစီး ၂၀၀ကျော်အား ကိုဗစ်-၁၉ ရန်ပုံငွေထဲမှ ချေးငွေ‌ထုတ်ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီကမတ်၂၄ ရက်တွင်ထုတ်ပြန်သည်။
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေထဲမှာ ချေးငွေပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီက ကြေညာထားသည်။

အာဏာသိမ်းစစ်ကောင်စီက ချေးငွေပေးသည့်လုပ်ငန်းများတွင် စုစုပေါင်းလုပ်ငန်းပေါင်း ၈၈၂ ခုပါဝင်သည်ဟုဆိုသည်။

(ကန္နားစီးနှင့် နတ်သဘင်လုပ်ငန်း နတ်ဆရာအချို့။ ဓါတ်ပုံ-CJ)

ထိုထဲတွင် ကန္နားစီးနှင့်နတ်သဘင် လုပ်ငန်းဆောင်ရွက်သူ ၂၀၀ကျော်၊ ဆိုင်းဝိုင်းလုပ်ငန်း ၃၀၀ကျော်၊ဇာတ်သဘင် လုပ်ငန်း ၁၀၀ကျော်နှင့် အငြိမ့် လုပ်ငန်း ၅၀ကျော်ပါဝင်သည်။ ထိုပြင်ဘိသိတ်လုပ်ငန်းများကိုလည်း စစ်ကောင်စီ ချေးငွေထုတ်ပေးရာတွင်ထည့်သွင်းထားသည်။

Public Service Announcement

Public Service Announcement

သို့​သော်​ချေး​ငွေမည်မျှထုတ်​ပေးသည်ဆိုသည်ကိုမူ ​ဖော်ပြထားခြင်းမရှိ​ပေ။ထိုသို့ ထုတ်ပေးခြင်းမှာကန္နားစီး၊ဇာတ်သဘင်လုပ်ငန်းနှင့်သက်ဆိုင်သူများအတွက်အထောက်အကူပြုနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့်ချီ​ရေးတွင် အသုံးချရန်စည်းရုံးသည့်သ​ဘောဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဒါကစီးပွားရေးအထောက်အကူပြုဖို့ဆိုတာထက် စစ်ကောင်စီကသူတို့ အသုံးချဖို့လိုတဲ့သူတွေကို ထောက်ပံ့ပေးတာလို့မြင်တယ်။ နောက်ပြီး ဆိုင်းတွေ၊ဇာတ်တွေ၊နတ်ကနားပွဲတွေကကျေးလက်နေပြည်သူအပေါ် လွှမ်းမိုးမှုရှိတော့စစ်ကောင်စီဝါဒဖြန့်နေရာမှ အသုံးချချင်လို့မြင်ပါတယ်”ဟု အထက်ပါလုပ်ငန်းရှင်က​ဆက်ပြောသည်။

အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီသည် အနုပညာလုပ်ငန်းများကို အသုံးချပြီး ဝါဒဖြန့်ချီ​ရေးတွင်အသုံးပြုရန် နှင့် ​နွေဦးတော်လှန်ရေးကို အာရုံပြောင်းရန်အတွက် ယခုလို ကြံစည်နေခြင်းဖြစ်သည်ဟုလည်း မှတ်ချက်ပေးသည်။

ကမ္ဘာ့ကပ်ရောဂါ မတိုင်ခင်ကတည်းက လုပ်ငန်းများရပ်ဆိုင်းထားရခြင်းကြောင့် ငွေကြေးအထောက်အပံ့ လိုအပ်သဖြင့်ယခုလိုချေးငွေလျှောက်ထားရခြင်းဖြစ်သည်ဟု ချေးငွေရရှိခဲ့သူတစ်ဦးပြောသည်။

၂၀၂၂ ​ဇန်နဝါရီ ၂၈ ရက်တွင်လည်း စစ်​ကောင်စီကရုပ်ရှင် ၊ဂီတ နှင့် မီဒီယာ လုပ်ငန်း​ပေါင်း ၁၁၆ ခုကို ​ချေး​ငွေ ၁၅ ဘီလီယံထုတ်​ပေးခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။

အရပ်သားအစိုးရလက်ထက်တွင် ကိုဗစ်-၁၉ကြောင့် စီးပွား​ရေးလုပ်ငန်းများ အပေါ်ထိ့ခိုက်မှုများကိုကုစားရေးအတွက်ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး ကိုဗစ်ကြောင့် ထိခိုက်သည့်လုပ်ငန်းများကို ဘဏ္ဍာရေးအထောက်အပံ့ပေးခဲ့သည်။ကပ်​ရောဂါ​ကြောင့် ထိ့ခိုက်မှုအများဆုံးလုပ်ငန်းများ ၊ လုပ်သားအများဆုံးကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီး​ပေး​နေ​သောလုပ်ငန်းများ ၊ အ​သေးစားအလတ်စားလုပ်ငန်းများ ၊ကုန်ထုတ်လုပ်​ရေးအတွက်အ​ရေးကြီး​သောလုပ်ငန်းများကိုဦးစား​ပေး​ချေး​ငွေထုတ်​ ကျပ် ဘီလီယံ ၂၀၀ ခန့်ထုတ်​ချေးပေးခဲ့ခြင်းဖြစ်သည်။

အတိုးနှုန်း ၁ ရာခိုင်နှုန်းသာသတ်မှတ်ထား​သောကိုဗစ်​ချေး​ငွေကို အရပ်သားအစိုးရက ခရီးသွားလုပ်ငန်းများ၊ လက်ခစားအထည်ချုပ်လုပ်ငန်းများ ၊အ​သေးစားအလတ်စားလုပ်ငန်းများ စ​သောကဏ္ဍသုံးခုမှလုပ်ငန်းပေါင်း ၃၃၉၄ ကို ချေးငွေ ငွေ ကျပ် ၁၀၂ ဘီလီယံခန့်ကိုပထမအသုတ်တွင်ထုတ်​ချေးခဲ့သည်။ ဒုတိယအကြိမ် ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ် လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ ပြည်တွင်း ထုတ် လုပ်မှုမှ ပြည်ပ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တလျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်း များ၊ စားသောက်ကုန် ထုတ်သည့် လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်း ကျောင်း ပညာသင်ကျောင်းများစသည့် ကဏ္ဍ ၉ ခုမှ လုပ်ငန်းပေါင်း ၂၉၃၉ ခုကို ချေးငွေကျပ် ၆၄ ဘီလီယံ ထုတ်ချေးခဲ့သည်။ ၊ဒုတိယအသုတ်တွင် ကျပ်၃၀ဘီလီယံကိုအခြား လုပ်ငန်းများ သို့ထပ်မံ​ချေးရန် အရပ်သားအစိုးရက ၂၀၂၁ ဇန်နဝါရီ လကပြင်ဆင်​နေစဥ် စစ်အုပ်စုကအာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိုလုပ်ငန်းစဉ်ကို စစ်ကောင်စီက ၎င်းတို့အသုံးချလို​သော လုပ်ငန်းများကိုဦးစား​ပေး​ငွေ​ချေး​ပေး​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။