Connect with us

Hi, what are you looking for?

News

မုံရွာ-အရာတော်လမ်းတွင် မိုင်းရှာသည့် စစ်ကောင်စီတပ် သုံးကြိမ် မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းတွင် မိုင်းရှာသည့်အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ နှစ်ကြိမ် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကူလိုက်လာသည့် စစ်ကောင်စီယာဥ်တန်းပါ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက အသိပေးသည်။

မတ်လ ၂၅ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းမပေါ်၌ မိုင်းရှာရန်ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းအား နံနက် ၆နာရီခွဲတွင် တုံးတင်ကန်အနီး၌ပဒေသာမိုင်း (၆)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီး နံနက် ၉နာရီအချိန်တွင် ကြံတိုင်းအောင်ကွေ့အနီး၌ ပဒေသာမိုင်း (၅)လုံး၊ နေ့လယ်၂နာရီ ၂၀မိနစ်ခန့်တွင် မုံရွာဘက်မှလာသော စစ်ကောင်စီ၏ယာဉ်တန်းအား ပဒေသာမိုင်း (၂)လုံး စုစုပေါင်းသုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်းသေဆုံးပြီး အများပြားထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း (မြေပြင်အတည်ပြုချက်များအရ) သိရှိရသည်ဟု Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

“ခြေလျင်က နှစ်ကြိမ်ပါ။တုံးတင်ကန် နားကလဲ ခြေလျင်ပါ။ ခြေလျင်စစ်ကြောင်း က မိုင်းမဆွဲ ခင် အရင်ရက်ထဲက တပ်ဆွဲထားတာတွေ ကင်းပုန်းချထားတာပါ။ကားနဲ့က ခြေလျင် စစ်ကြောင်း မိုင်းဆွဲပြီးမှ တက်လာတာပါ ခင်ဗျာ။ စစ်ကိုင်းတိုင်းမှာ လိုင်းဖြတ်ခံရပြီး နောက်ပိုင်းစစ်ကြောင်း ထိုးတိုက်ခိုက်တာတွေ ပြည်သူအိုးအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေဆဲပါ။လိုင်းဖြတ်တောက်တဲ့အတွက် PDFတော်တော် များများအခက်ခဲ များစွာကြုံရပါတယ်။ ရိက္ခာ၊ ကျည်ဖိုး ၊လက်နက်တပ်ဆင်ဖို့ရာ အခက်ခဲအများအပြား ကြုံနေရတယ်။ အခက်ခဲအများအပြားရှိနေလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တွန်းလှန် သွားပါမှာပါ” ဟု Knights Of The Red Land(KORL)ပြောက်ကျားတပ်ဖွဲ့မှ သတင်း တာဝန်ခံက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီတပ်သားများမှ ပြန်လည်ပစ်ခတ် တိုက်ခတ် ခဲ့သဖြင့် မဟာမိတ်ပြောက်ကျားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြပြီး အထိအခိုက် အကျအဆုံး မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို Knights Of The Red Land(KORL) ပျောက်ကြားတပ်ဖွဲ့၊သပြေညို ပျောက်ကြားတပ်ဖွဲ့၊ ၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ AMT မြေပြင်‌ပျောက်ကြားတပ်ဖွဲ့ ၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)တို့မှ ဦးဆောင်၍ Excellent Flagတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) ညီနောင် (၉)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။