Connect with us

Hi, what are you looking for?

News

ဒေါ်လာ​ဈေး ၂၁၀၀ကျပ်​​ရောက်လာပြီး ရွှေ​ဈေးလည်းသိန်း ၂၀​ကျော်

ဒေါ်လာဈေးမှာလည်း မတ်လလယ်တွင် တစ်ဒေါ်လာကို ကျပ် ၂၀၀၀အောက် အနည်းငယ်ပြန်လည်ကျဆင်းခဲ့သော်လည်း မတ် ၂၈ ရက်တွင် ယခုကဲသို့ပြန်လည်မြင်တက်လာခြင်းဖြစ်သည်။

စစ်ကောင်စီကပြည်တွင်းရွှေနှင့် ဒေါ်လာဈေးကျဆင်းအောင် ဖိအားပေးနေသော်လည်း ဈေးဆက်တက်နေပြီးယ​နေ့ (မတ်၂၈) တစ်ဒေါ်လာလျှင် ၂၁၀၀ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ်သိန်း ၂၀ ​ကျော်( ၂,၀၅၅,၀၀၀ကျပ်)အထိရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကောင်စီက ဒေါ်လာဈေးကျဆင်း​စေရန် ပြင်ပတွင်ဒေါ်လာဝယ်ရောင်းသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်းနှင့် စက္ကူအတုသတင်း ပြန့်နှံလာပြီးနောက် ယခုလိုဈေးမြင့်တက်လာပြီး ယ​နေ့တွင် ပြင်ပ​ဈေးကွက်၌ တစ်​​ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်​ဈေးပိတ်​ကြောင်း ငွေလဲကောင်တာလုပ်ငန်းရှင်များကပြောသည်။

ဒေါ်လာဈေးမှာလည်း မတ်လလယ်တွင် တစ်ဒေါ်လာကို ကျပ် ၂၀၀၀အောက် အနည်းငယ်ပြန်လည်ကျဆင်းခဲ့သော်လည်း မတ် ၂၈ ရက်တွင် ယခုကဲသို့ပြန်လည်မြင်တက်လာခြင်းဖြစ်သည်။

“ဈေးနှုန်းတွေက အပြောင်းအလဲမြန်နေတော့ ပေါက်ဈေးတောင် မဖွင့်နိုင်ဘူးဖြစ်နေတယ်။”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့မြင့်တက်လာခြင်းမှာ ဈေးကွက်အတွင်းဒေါ်လာ အဝယ်များလာခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းကဆက်​ပြောသည်။ ဈေးကွက်အတွင်း ဒေါ်လာကို ပမာဏများများလိုက်လံဝယ်ယူနေပြီး ဒေါ်လာရှားပါးနေသည်ဟု အထက်ပါလုပ်ငန်းရှင်က​ပြောသည်။

ဒေါ်လာဈေးမြင့်တက်လာခြင်းတွင် စစ်ကောင်စီက လုပ်ငန်းရှင်များကို ဖမ်းဆီးပြီးနောက်တွင် ဈေးကွက်အတွင်း ယခုလို ဒေါ်လာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟုငွေလဲကောင်တာ
ပိုင်ရှင်များကပြောသည်။ထိုအပြင် ငွေစက္ကူအတုများ ပြန့်နှံနေသည်ဟု သတင်းများကြောင့်လည်း ရွှေဈေးနှင့်ဒေါ်လာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ကျပ်ငွေတန်ဖိုးက မရှိတော့ဘူးလို့ သတ်မှတ်ကျတော့ နိုင်ငံခြားငွေ/ ရွှေနဲ့ အလွယ်တကူငွေပြန်ဖော်နိုင်မယ့် ပစ္စည်းတခုခုကို ပြောင်းလဲထားတဲ့ ဂယက်ကြောင့်လိုထင်ပါတယ်”ဟု အထက်ပါလုပ်ငန်းရှင်းကသုံးသပ်သည်။

ပြည်တွင်းရွှေဈေးသည် မတ် ၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၆၈,၀၀၀ကျပ် အထိမြင့်တက်လာခဲ့ပြီးနောက် ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ထိုနောက် မတ် ၂၄ ရက်မှစတင်ပြီး တဖြေးဖြေး ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးသည် ဖေဖော်ဝါရီ ၂၈ ရက်က တစ်ကျပ်သား ၁,၉၂၇,၀၀၀ ကျပ်သာရှိခဲ့သည်။

စစ်ကောင်စီက ရွှေဈေးကို ထိန်းချုပ်မူကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတဆင့်ဆောင်ရွက်နေပြီး ‌နေ့စဉ်အရောင်းအဝယ်ပမာဏကို စာရင်းကောက်ယူ၍ဖိအား​ပေးထိန်းချုပ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။