Connect with us

Hi, what are you looking for?

News

မံစီနယ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

KIA တပ်မဟာ(၃) ၊ တပ်ရင်း(၂၇) နယ်မြေ ဇွပ်ဂျာရွာတွင် မတ်လ ၂၈ရက်က ခမရ(၁၂၁)၊ ခမရ(၁၅)၊ တပ်မ(၈၈) ပူးပေါင်းတပ်နှင့် KIAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ် အင်အားဖြည့်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်​နေ

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၃) ၊ တပ်ရင်း(၂၇) နယ်မြေ ဇွပ်ဂျာရွာတွင် မတ်လ ၂၈ရက်က ခမရ(၁၂၁)၊ ခမရ(၁၅)၊ တပ်မ(၈၈) ပူးပေါင်းတပ်နှင့် KIAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)နယ်မြေနှင့် တပ်ရင်း (၁၅)နယ်မြေသို့လည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များက KIA နယ်မြေအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အင်အားဖြည့်တင်းလာခြင်း တို့ကြောင့် တိုက်ပွဲဖြစ်ပွားမှုများ ရံဖန်ရံခါရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ယနေ့ (မတ်လ ၂၉ရက်)နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသည့် စစ်ယာဉ်၁၉စီးဖြင့် KIA တပ်မဟာ(၅)နယ်မြေသို့ အင်အားဖြည့်တင်းလာကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။