Connect with us

Hi, what are you looking for?

LuduNwayOo

News

မံစီနယ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

KIA တပ်မဟာ(၃) ၊ တပ်ရင်း(၂၇) နယ်မြေ ဇွပ်ဂျာရွာတွင် မတ်လ ၂၈ရက်က ခမရ(၁၂၁)၊ ခမရ(၁၅)၊ တပ်မ(၈၈) ပူးပေါင်းတပ်နှင့် KIAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ် အင်အားဖြည့်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်​နေ

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်မဟာ(၃) ၊ တပ်ရင်း(၂၇) နယ်မြေ ဇွပ်ဂျာရွာတွင် မတ်လ ၂၈ရက်က ခမရ(၁၂၁)၊ ခမရ(၁၅)၊ တပ်မ(၈၈) ပူးပေါင်းတပ်နှင့် KIAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)နယ်မြေနှင့် တပ်ရင်း (၁၅)နယ်မြေသို့လည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များက KIA နယ်မြေအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အင်အားဖြည့်တင်းလာခြင်း တို့ကြောင့် တိုက်ပွဲဖြစ်ပွားမှုများ ရံဖန်ရံခါရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ယနေ့ (မတ်လ ၂၉ရက်)နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသည့် စစ်ယာဉ်၁၉စီးဖြင့် KIA တပ်မဟာ(၅)နယ်မြေသို့ အင်အားဖြည့်တင်းလာကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။