Connect with us

Hi, what are you looking for?

News

က​လေးမြို့တွင် ယ​နေ့ ပစ်ခတ်သံနှင့် ​ပေါက်ကွဲသံများ တစ်​နေကုန်ကြား​နေရဟု ​ဒေသခံများ​ပြော

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမူများထဲတွင် ကလေးမြို့တာဟန်းရပ်ကွက်ရှိ သပိတ်ခံတပ်သည် အထင်ရှားဆုံးဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် သေနတ်ပစ်ခတ်သံများနှင့်ပေါက်ကွဲသံများ ယနေ့ တစ်နေ့လုံးနီးပါး ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ကင်းစခန်းကို ယနေ့(မတ် ၂၉ ရက်) နံနက် ၆နာရီခန့်က PDF(ကလေး)က ဝင်ရောက်တိုက်ခိုက်ပြီးနောက် နေ့လယ်ပိုင်းနှင့် ညဦးပိုင်းတွင်ပေါက်ကွဲများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများကပြောသည်။

“သေနတ်သံဗုံး၊ သံကျယ်ချက်ကတော့ တော်တော်ဝေးဝေးကကြားရတယ်။ ဆက်တိုက်နီးပါးပေါက်နေတာ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

နေ့လယ်ပိုင်းတွင် ကလေးမြို့ တာဟန်းရပ်ကွက်အနီးရှိ ညောင်တောရွာအနီးတွင် လက်နက်ကြီး ပေါက်ကွဲသံနှစ်ချက်လည်းကြားခဲ့သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့ တာဟန်း သပိတ်ခံတပ်ဖြိုခွင်းခံရပြီးနောက် Kalay Civil Army(KCA)တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမနှင့် ဝယ်စလီဆေးရုံလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကင်းစခန်းကို မတ် ၂၉ ရက်တွင် PDF ကလေးက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန်ပြီး PDFများဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမူများထဲတွင် ကလေးမြို့တာဟန်းရပ်ကွက်ရှိ သပိတ်ခံတပ်သည် အထင်ရှားဆုံးဖြစ်သည်။

အဆိုပါခံတပ်ကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်ကျွံသုံးပြီး လက်နက်ကြီး၊လက်နက်ငယ်များ ၂၀၂၁ မတ် ၂၈ ရက်နှင့် ဧပြီ ၇ရက်တွင် စစ်​မြေပြင်သဖွယ် ပစ်ခတ်ဖြိုခွင်းခဲ့ သည်။ ထိုကြောင့် ဆန္ဒပြသူများဘက်မှ အနည်းဆုံး ၁၈ဦးသေဆုံးပြီး ဖမ်းဆီးခံရသူနှင့် ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။