Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့တွင် ယ​နေ့ ပစ်ခတ်သံနှင့် ​ပေါက်ကွဲသံများ တစ်​နေကုန်ကြား​နေရဟု ​ဒေသခံများ​ပြော

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမူများထဲတွင် ကလေးမြို့တာဟန်းရပ်ကွက်ရှိ သပိတ်ခံတပ်သည် အထင်ရှားဆုံးဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် သေနတ်ပစ်ခတ်သံများနှင့်ပေါက်ကွဲသံများ ယနေ့ တစ်နေ့လုံးနီးပါး ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ကင်းစခန်းကို ယနေ့(မတ် ၂၉ ရက်) နံနက် ၆နာရီခန့်က PDF(ကလေး)က ဝင်ရောက်တိုက်ခိုက်ပြီးနောက် နေ့လယ်ပိုင်းနှင့် ညဦးပိုင်းတွင်ပေါက်ကွဲများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများကပြောသည်။

“သေနတ်သံဗုံး၊ သံကျယ်ချက်ကတော့ တော်တော်ဝေးဝေးကကြားရတယ်။ ဆက်တိုက်နီးပါးပေါက်နေတာ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

နေ့လယ်ပိုင်းတွင် ကလေးမြို့ တာဟန်းရပ်ကွက်အနီးရှိ ညောင်တောရွာအနီးတွင် လက်နက်ကြီး ပေါက်ကွဲသံနှစ်ချက်လည်းကြားခဲ့သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့ တာဟန်း သပိတ်ခံတပ်ဖြိုခွင်းခံရပြီးနောက် Kalay Civil Army(KCA)တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမနှင့် ဝယ်စလီဆေးရုံလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ကင်းစခန်းကို မတ် ၂၉ ရက်တွင် PDF ကလေးက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန်ပြီး PDFများဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမူများထဲတွင် ကလေးမြို့တာဟန်းရပ်ကွက်ရှိ သပိတ်ခံတပ်သည် အထင်ရှားဆုံးဖြစ်သည်။

အဆိုပါခံတပ်ကို အကြမ်းဖက်စစ်တပ်က အင်အားအလွန်ကျွံသုံးပြီး လက်နက်ကြီး၊လက်နက်ငယ်များ ၂၀၂၁ မတ် ၂၈ ရက်နှင့် ဧပြီ ၇ရက်တွင် စစ်​မြေပြင်သဖွယ် ပစ်ခတ်ဖြိုခွင်းခဲ့ သည်။ ထိုကြောင့် ဆန္ဒပြသူများဘက်မှ အနည်းဆုံး ၁၈ဦးသေဆုံးပြီး ဖမ်းဆီးခံရသူနှင့် ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။