Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီစစ်ရှောင်များအတွက် လတ်တလော အဓိကလိုအပ်ချက်များ စစ်ရှောင်ကူညီရေးကွန်ရက်ထုတ်ပြန်

ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွါးနေကြသည့် ရောဂါများ ကမ္ဘာအနှံ့ ပြန့်ပွားနေသော ကူးဆက်ရောဂါများအတွက် ဆေးဝါးများအထူးလိုအပ်နေ ကြောင်း၊ စစ်ရှောင်စခန်းအတွက် များစွာအသုံးဝင်သည့် မိုးကာများ လိုအပ်ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ကရင်နီဒေသခံ သိန်းနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများစွာကြုံတွေ့နေရ၍ အကူအညီများလိုအပ်နေကြောင်း ကူညီရေးအဖွဲ့အချို့က အသိပေးထားသည်။

ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူများ အဓိကလိုအပ်နေသည့်လိုအပ်ချက် များကို ကရင်နီပြည် စစ်ဘေးရှောင်ကူညီရေးကွန်ရက်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ အခြေခံစားနပ်ရိက္ခာနှင့် စခန်းအချို့တွင် သောက်သုံးရေ အခက်အခဲရှိကြောင်း ဖော်ပြသည်။

ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွါးနေကြသည့် ရောဂါများ ကမ္ဘာအနှံ့ ပြန့်ပွားနေသော ကူးဆက်ရောဂါများအတွက် ဆေးဝါးများအထူးလိုအပ်နေ ကြောင်း၊ စစ်ရှောင်စခန်းအတွက် များစွာအသုံးဝင်သည့် မိုးကာများ လိုအပ်ကြောင်း အသိပေးထားသည်။

နေရာထပ်မံရွေ့ပြောင်းနေရသော စစ်ရှောင်များအတွက်အထက်ပါ လိုအပ်ချက်များ သယ်ယူပို့ ဆောင်နိုင်ရန်စက်သုံးဆီများလိုအပ်ကြောင်း၊လိုအပ်ချက်များကိုကူညီလိုပါကဆက်သွယ် မေးမြန်းနိုင်ကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် ၂၀၂၁မေလမှ ယခုနှစ်မတ်လ ဒုတိယအပတ် အထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။