Connect with us

Hi, what are you looking for?

News

ကရင်နီစစ်ရှောင်များအတွက် လတ်တလော အဓိကလိုအပ်ချက်များ စစ်ရှောင်ကူညီရေးကွန်ရက်ထုတ်ပြန်

ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွါးနေကြသည့် ရောဂါများ ကမ္ဘာအနှံ့ ပြန့်ပွားနေသော ကူးဆက်ရောဂါများအတွက် ဆေးဝါးများအထူးလိုအပ်နေ ကြောင်း၊ စစ်ရှောင်စခန်းအတွက် များစွာအသုံးဝင်သည့် မိုးကာများ လိုအပ်ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ကရင်နီဒေသခံ သိန်းနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများစွာကြုံတွေ့နေရ၍ အကူအညီများလိုအပ်နေကြောင်း ကူညီရေးအဖွဲ့အချို့က အသိပေးထားသည်။

ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူများ အဓိကလိုအပ်နေသည့်လိုအပ်ချက် များကို ကရင်နီပြည် စစ်ဘေးရှောင်ကူညီရေးကွန်ရက်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ အခြေခံစားနပ်ရိက္ခာနှင့် စခန်းအချို့တွင် သောက်သုံးရေ အခက်အခဲရှိကြောင်း ဖော်ပြသည်။

ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွါးနေကြသည့် ရောဂါများ ကမ္ဘာအနှံ့ ပြန့်ပွားနေသော ကူးဆက်ရောဂါများအတွက် ဆေးဝါးများအထူးလိုအပ်နေ ကြောင်း၊ စစ်ရှောင်စခန်းအတွက် များစွာအသုံးဝင်သည့် မိုးကာများ လိုအပ်ကြောင်း အသိပေးထားသည်။

နေရာထပ်မံရွေ့ပြောင်းနေရသော စစ်ရှောင်များအတွက်အထက်ပါ လိုအပ်ချက်များ သယ်ယူပို့ ဆောင်နိုင်ရန်စက်သုံးဆီများလိုအပ်ကြောင်း၊လိုအပ်ချက်များကိုကူညီလိုပါကဆက်သွယ် မေးမြန်းနိုင်ကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် ၂၀၂၁မေလမှ ယခုနှစ်မတ်လ ဒုတိယအပတ် အထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။