Connect with us

Hi, what are you looking for?

News

ဖရူဆို ရဲစခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ် ရှစ်ဦးထက်မနည်းသေ

အဆိုပါ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ဖရူဆို PDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း(၁၁၀၁)နည်းပညာလက်ရုံးတပ် CTUနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်များ ပူးပေါင်း၍ ဗျူဟာရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီဒေသ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၀) မွန်းလွဲ ၂နာရီခွဲမှစ၍ ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ၁နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ဖရူဆို PDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း(၁၁၀၁)နည်းပညာလက်ရုံးတပ် CTUနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်များ ပူးပေါင်း၍ ဗျူဟာရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သော်လည်း ပူးပေါင်း မဟာမိတ်အဖွဲ့မှ ထိခိုက်ဒဏ်ရရှိမှုမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်