Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆို ရဲစခန်းကို ကရင်နီပူးပေါင်းတပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ် ရှစ်ဦးထက်မနည်းသေ

အဆိုပါ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ဖရူဆို PDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း(၁၁၀၁)နည်းပညာလက်ရုံးတပ် CTUနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်များ ပူးပေါင်း၍ ဗျူဟာရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကရင်နီဒေသ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၀) မွန်းလွဲ ၂နာရီခွဲမှစ၍ ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ ၁နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ဖရူဆို PDF၊ ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း(၁၁၀၁)နည်းပညာလက်ရုံးတပ် CTUနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်များ ပူးပေါင်း၍ ဗျူဟာရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သော်လည်း ပူးပေါင်း မဟာမိတ်အဖွဲ့မှ ထိခိုက်ဒဏ်ရရှိမှုမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။