Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကအခြေအနေတွေကို ကရင်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်

အရပ်သားတွေအတွက် လုံခြုံတဲ့နေရာတွေမှာ သတ်မှတ်ပေးကာ မြန်မာပြည်တွင်းဖြစ်စေ နယ်စပ်ဖြတ်ကျော်တဲ့နေရာမှာဖြစ်စေ နိုင်ငံတကာက အာမခံချက်ပေးပြီး ဖန်တီးပေးဖို့လိုအပ်တယ်လို့ အကြံပြုချက်မှာ ပါရှိပါသေးတယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊လေကြောင်းနဲ့ မြေပြင်တိုက်ခိုက် မှုတွေပြင်းထန်လာမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က အစီရင်ခံစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုပေးနေတဲ့ အဖွဲ့တွေ ၊ ကူညီပေးနေသူတွေကို နယ်စပ်ဖြတ်ကျော်နိုင်ဖို့ တရားဝင်ခွင့်ပြုချက်ပေးရမယ်လို့အကြံပြုထားတာတွေ့ရပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြေပြင်မှာလူသားချင်းစားနာထောက်ထားမှု လုပ်ကိုင်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေ ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြု ပေးပြီး အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့လည်း အစီရင်ခံမှာဖော်ပြထားပါတယ်။

ဒါအပြင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်တွေကို သတ်မှတ်ဖို့ လိုအပ်သလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းလောင်စာဆီ ထောက်ပံ့ပေးတာ၊ ရောင်းဝယ်တာကို ပိတ်ဆို့အရေးယူရမယ်လို့လည်းတောင်းဆိုထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေအတွက် လုံခြုံတဲ့နေရာတွေမှာ သတ်မှတ်ပေးကာ မြန်မာပြည်တွင်းဖြစ်စေ နယ်စပ်ဖြတ်ကျော်တဲ့နေရာမှာဖြစ်စေ နိုင်ငံတကာက အာမခံချက်ပေးပြီး ဖန်တီးပေးဖို့လိုအပ်တယ်လို့ အကြံပြုချက်မှာ ပါရှိပါသေးတယ်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီတွေဟာလည်း မြေပြင်အခြေအနေတွေကို တုံ့ပြန်ရာမှာ ပြတ်သားရှင်းလင်းတဲ့ ရပ်တည်ချက်ရှိဖို့လိုအပ်ပြီး စစ်ကောင်စီက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တတ်နိုင်သမျှ တားဆီးဖို့လိုအပ်တယ်လို့ KHRG က အကြုံပြုထားပါသေးတယ်။

ဒီဇင်ဘာလပိုင်းက စတင်ခဲ့တဲ့ လေးကေကော်တိုက်ပွဲကြောင့် ဒေသအတွင်းက လူဦးရေ ၁၀၀၀၀ ကျော်ထက်မနည်းဟာ တစ်ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်ရှောင်တွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခွင့် ချက်ချင်းရရှိဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲကို ယာယီထွက်ပြေးတိမ်းရှောင်မယ့် ရွာသားအများစုကို ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ဘက်ခြမ်းကို ပြန်ဖို့ ဖိအားပေးခံရတာ ဒါမှမဟုတ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ ယာယီနေထိုင်စေခဲ့တာပါ။

ဖာပွန်ခရိုင်မှာလည်း စစ်ကောင်စီရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့် ရွာသားတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေသလို စစ်ကောင်စီက ရွာသားတွေကို အဓမ္မလုပ်အားပေးခိုင်းစေတာ၊ လူသားဒိုင်းအသုံးပြုတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ လုယက်ခိုးယူတာနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေအပါအဝင် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်လာတာကိုတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုတွေဟာလည်း မြင့်တက်လာခဲ့ပြီး အခုအခါ ကရင်ပြည်နယ်က ဒေသခံရွာသားတွေအများအပြား ကိုဗစ်ရောဂါပျံ့နှံ့မှုအပါအဝင် ဆိုးရွားတဲ့ ကျန်းမာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြင်ပအကူအညီဝင်ရောက်လာမှု နည်းပါးနေတဲ့အပြင် စစ်ပြေးရှောင်နေရတဲ့ အခြေအနေကြောင့် သူတို့ရဲ့လူမှုလုံခြုံရေးဟာလည်း ပိုမိုဆိုးရွားလာတယ်လို့ KHRG ရဲ့ထုတ်ပြန်ချက်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။