Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် ပြည်သူလူထုနေအိမ် ၈,၀၀၀ နီးပါးရှိလာ

မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၈,၀၀၀ နီးပါးအနက် ၂၀၂၂ ဇန်နဝါရီမှ မတ်လကုန်အထိ သုံးလတာအတွင်း အိမ်ခြေ ၅,၈၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယခုတစ်ပတ်အတွင်း ပြည်သူလူထု နေအိမ်များကို ထပ်မံ မီးရှို့မှုများ ပြုလုပ်ခဲ့၍ အိမ်ခြေ ၂၅၀ခန့် ထပ်မံပျက်စီးခဲ့ရာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၈,၀၀၀ နီးပါး ရှိလာ ကြောင်း Data for Myanmar က ယနေ့ ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ မတ်လ ၃၁ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၂၂ နေရာ၌ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၇,၉၇၃ လုံး ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၂၂ရက်အထိ စာရင်းများအရ စစ်ကောင်စီတပ်က နေရာ ၂၁၂ နေရာမှ နေအိမ် ၇,၇၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုတစ်ပတ်အတွင်း နေရာ ၁၀ခုမှ အိမ်ခြေ ၂၄၄ လုံးထပ်မံ ဖျက်ဆီးခံရခြင်းဖြစ်သည်။

သတင်းမီဒီယာများ၌ ဖော်ပြသည့် တိုက်ပွဲသတင်းများ နေအိမ်မီးရှို့ခံရမှုများကို ပြန်လည်စိစစ် ရေတွက်ထားခြင်းဖြစ်ပြီး ဒေသခံ လူအခွင့်အရေးအဖွဲ့များနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကို အခြေခံထားကြောင်း၊ မပြည့်စုံသည့် အချက်အလက်များ ချန်ထားခဲ့ရ၍ မီးရှို့ဖျက်ဆီးခံရသည့် အရေအတွက်မှာ မြေပြင်၌ ပိုများနိုင်ကြောင်း ဖော်ပြ ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အိမ်ခြေ ၈,၀၀၀ နီးပါးအနက် ၅,၀၀၀ နီးပါးသည် စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူလူထု နေအိမ်များဖြစ်သည်။ မကွေးတိုင်းအတွင်းမှ ပြည်သူလူထု နေအိမ် ၁,၃၀၀ နီးပါး၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁,၁၀၀ကျော် ၊ ကယားပြည်နယ်မှ အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၈,၀၀၀ နီးပါးအနက် ၂၀၂၂ ဇန်နဝါရီမှ မတ်လကုန်အထိ သုံးလတာအတွင်း အိမ်ခြေ ၅,၈၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ပြည်သူလူထု နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ ပို၍ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။