Connect with us

Hi, what are you looking for?

News

KNU/PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကင်းပုန်း သုံးဦးထက်မနည်းသေဆုံး

KNUနှင့် သထုံ PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက် မှစ၍ ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို သွားရောက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ရှိစစ်ကောင်စီ၏ကင်းပုန်းအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးခဲ့သည်ဟု သထုံ ပြည်သူ့ကာကွယ်ရေးတပ်(TPDF)က ထုတ်ပြန် သည်။

မတ်လ ၃၁ရက် နံနက်ပိုင်းက စစ်ကောင်စီကင်းပုန်းအား KNLA တပ်မဟာ(၁)တပ်ရင်း(၂)နှင့် သထုံ PDF တို့ လက်နက်ကြီး လက်နက်ကယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

KNUနှင့် သထုံ PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက် မှစ၍ ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို သွားရောက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

မတ်လ ၂၁ရက်က သထုံမြို့နယ် ဝင်းပကျေးရွာနှင့် ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု၊ မတ်လ ၂၆ရက်က ပိန္နဲတောကျေးရွာရှိ အမှတ်(၈) ရှေ့တန်း ကွပ်ကဲရေးဌာနချုပ် အထိုင်စခန်းနှင့် ရှေ့တန်းစခန်း နှစ်ခု၊ မတ်လ ၂၈ရက်တွင် ဘီးလင်းမြို့ ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံး၊ မတ်လ ၂၈ရက်၌ပင် ဘီးလင်းတိုးဂိတ်ဟောင်းအနီး ရှိ စစ်ကောင်ဏီတပ်များကို တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၉ရက်တွင်လည်း စစ်ကောင်စီကင်းပုန်းနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။