Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU/PDF တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကင်းပုန်း သုံးဦးထက်မနည်းသေဆုံး

KNUနှင့် သထုံ PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက် မှစ၍ ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို သွားရောက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ရှိစစ်ကောင်စီ၏ကင်းပုန်းအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဆုံးခဲ့သည်ဟု သထုံ ပြည်သူ့ကာကွယ်ရေးတပ်(TPDF)က ထုတ်ပြန် သည်။

မတ်လ ၃၁ရက် နံနက်ပိုင်းက စစ်ကောင်စီကင်းပုန်းအား KNLA တပ်မဟာ(၁)တပ်ရင်း(၂)နှင့် သထုံ PDF တို့ လက်နက်ကြီး လက်နက်ကယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

KNUနှင့် သထုံ PDF ပူးပေါင်းအဖွဲ့သည် မတ်လ ၂၁ရက် မှစ၍ ဒေသတွင်းရှိ စစ်ကောင်စီတပ်များကို သွားရောက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

မတ်လ ၂၁ရက်က သထုံမြို့နယ် ဝင်းပကျေးရွာနှင့် ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု၊ မတ်လ ၂၆ရက်က ပိန္နဲတောကျေးရွာရှိ အမှတ်(၈) ရှေ့တန်း ကွပ်ကဲရေးဌာနချုပ် အထိုင်စခန်းနှင့် ရှေ့တန်းစခန်း နှစ်ခု၊ မတ်လ ၂၈ရက်တွင် ဘီးလင်းမြို့ ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံး၊ မတ်လ ၂၈ရက်၌ပင် ဘီးလင်းတိုးဂိတ်ဟောင်းအနီး ရှိ စစ်ကောင်ဏီတပ်များကို တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၉ရက်တွင်လည်း စစ်ကောင်စီကင်းပုန်းနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။