Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်သင်္ကြန်ပွဲတော်ကို စနိုက်ပါသမားများ ထားရှိရန် စစ်​ကောင်စီညွှန်ကြားထားဟုဆို

မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ရက်ထိ ရကတ(ရန်ကုန်တိုင်း)၌ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်၍ လခရ (လုံခြုံရေး)အား အဆင့်ရှစ်ဆင့်ဖြင့် ဆောင်ရွက်သွားရန် ညွှန်ကြားစာ၌ ပါရှိသည်။

အရမ်းအန္တရာယ်များ၍ ပြည်သူများ သတိပြုသင့်ရန် လူငယ်တစ်ဦး အကြံပြု

ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်ကို စည်းကားစွာကျင်းပ မည်ဟုဆို​သော်လည်း လုံခြုံရေးအရ ဗဟို၊အတွင်း၊အပြင်စည်းများအပါအဝင် စနိုက်ပါသမားများထားရှိရန် အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားစာ ထွက်ပေါ်လာသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ညွှန်ကြားစာကို Myanmar Police CDM Channel – MPCCသို့ တပ်တွင်းဖရဲသီးမှတစ်ဆင့် သတင်းပေးပို့ခြင်းဖြစ်သည်။

မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ရက်ထိ ရကတ(ရန်ကုန်တိုင်း)၌ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်၍ လခရ (လုံခြုံရေး)အား အဆင့်ရှစ်ဆင့်ဖြင့် ဆောင်ရွက်သွားရန် ညွှန်ကြားစာ၌ ပါရှိသည်။

ဗဟိုစည်း လုံခြုံရေးကို ခလရ(၁၄၆)မှ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦး၊စအရ (စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း)(၉၀၅) မှ အရာရှိတစ်ဦးအပါအဝင်ကိုဦး နှင့် ဗတထမှ အရာရှိနှစ်ဦးအပါ ရှစ်ဦး (မနက်၊ညနေ) တာဝန်ယူရမည်ဖြစ်သည်။

Public Service Announcement

အတွင်းစည်းလုံခြုံရေးမှာ ကုန်းမြင့်သာ ဝန်းလုံခြုံရေး နှင့် လူ/ယာဥ်ဝင်ထွက်စစ်ဆေးခြင်းအတွက် ခလရ ၉၁ မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း တစ်ခုနှင့် တပ်ခွဲတစ်ခွဲက တာဝန်ယူရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

အပြင်စည်းလုံခြုံရေးအတွက် ရှစ်မိုင်ခုံးကျော်တံတားအပါ ကုန်မြင့်သာဝန်းအပြင်စည်းအား ရကဖ(ရဲကွပ်ကဲမှုတပ်ဖွဲ့ )တပ်ခွဲတစ်ခွဲနှင့် ယထရ (ယာဥ်ထိန်းရဲ)တပ်စုတစ်စုကို တာဝန်ပေးထားသည်။

အလားတူ အမြင့်တင်လုံခြုံရေး(စနိုက်ပါ)အဖွဲ့ကို စမ်းချောင်း၊ကျောင်းလမ်းရှိ ဆောက်လက်စအဆောက်အဦး၌ ခမရ(၇၀၂)မှ အဖွဲ့တစ်ဖွဲ့ထားရှိမည်ဟု ညွှန်ကြားစာတွင် ဖော်ပြသည်။

ပေါက်ကြားလာသော ကြေးနန်းစာအရတာဝန်ဆောင် ရွက်ကြရမည့် ဦးစီးခေါင်းဆောင်၊ အင် အား၊ ဖုန်းနံပါတ် တို့ကို စစ်ဦးစီးဌာန(စစ်ဆင်ရေးဌာနခွဲ)သို့ ယမန်နေ့(ဧပြီ ၁ရက်) နံနက် ၉နာရီအရောက် ပြန်လည်ပေးပို့ရန်လည်း အကြောင်းကြားထားသည်။

” စည်ကား​နေတယ်ဆိုပြီး ဟန်ပြလည်းလုပ်ချင်​သေးတယ်။ အရမ်း​ကြောက်ပြီး စနိုက်ပါသမား​တွေလည်း ထားအုံးမယ်ဆို​တော့ ပြည်သူ​တွေအ​နေနဲ့အရမ်းကို အန္တရာယ်ရှိတယ်။ ကိုယ့်အိမ်တည်းမှာ​နေရင်​တောင် အသတ်ခံ​နေရတာ ဒီလိုအ​ခြေအ​နေမျိုးမှာ ဘာဖြစ်လာမလဲ မ​ပြောနိုင်ဘူး။ သတိပြုသင့်တယ်။ ထွက်ပြီး ​ပျော်သင့်လား၊မ​ပျော်သင့်လား ကိုယ့်ဘာသာပဲ စဥ်းစားကြ​ပေါ့”ဟု ရန်ကုန်မြို့ စမ်း​ချောင်းမြို့နယ်မှ အသက် ၃၀​ကျော်အရွယ် လူငယ်တစ်ဦးက ​​ပြောသည်။

ထို့အပြင် ထောင်တွင်းသင်္ကြန်အား လုံးဝ(လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်ဘဲ ပြည်သူတရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီဖန်တီးထားသည့် ပျော်ပွဲ ရွှင်ပွဲများ၌ ဝင်ရောက်မပူးပေါင်းရန် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားများက ယမန်နေ့ တိုက်တွန်းစာ ထုတ်ပြန်ထားသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် နှင့် ပြည်သူ များ ပါးနပ်ရန်လိုကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ​က လူထုနွေဦးမှတဆင့် အသိပေးသည်။