Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် ဒေါင်းလုလင်-LPDFမှ လူငယ်ရဲဘော်နှစ်ဦး မ​တော်တဆ ကျဆုံးခဲ့ရ

စစ်အာဏာရှင်စနစ်ကို ရဲရဲဝင့်ဝင့် ဆန့်ကျင်တော်လှန်ရင်း အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အားအလေးနီပြုကြောင်း ဒေါင်းလုလင် -LPDF ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် ဒေါင်းလုလင် -LPDF မှ လူငယ်ရဲဘော်နှစ်ဦး လက်နက်ကြီးစမ်းသပ်စဥ်နှင့် လက်နက်ချို့ယွင်းမှုဖြစ်စဥ်တို့တွင် ကျဆုံးခဲ့ရသည်။

ဒေါင်းလုလင် -LPDF ၏ တပ်စု(၁)မှ အသက် (၂၆)နှစ်အရွယ် ရဲဘော်ကျော်မြင့်ဌေးသည်၆၀ မမလက်နက်ကြီးစမ်းသပ်ရင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က ကျဆုံးခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဒေါင်းလုလင် -LPDF ၏ တပ်စု (၂)မှ အသက် (၂၃)နှစ်အရွယ် ရဲဘော်ဇော်နိုင်ထွန်းသည် လက်နက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီး ကျဆုံးခဲ့ကြောင်း၊ ၎င်းတို့သည် စစ်အာဏာရှင်ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းလုလင် -LPDF က ထုတ်ပြန်သည်။

ဒေါင်းလုလင် -LPDF အနေဖြင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း၊ အာဇာနည်ရဲဘော်၏ ဆောင်ရွက်နေဆဲဖြစ်သော စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရန်နှင့် ကျန်ရှိနေသောတာဝန်များကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဟု ဒေါင်းလုလင်-LPDF က ကတိပြုသည်။

Public Service Announcement

စစ်အာဏာရှင်စနစ်ကို ရဲရဲဝင့်ဝင့် ဆန့်ကျင်တော်လှန်ရင်း အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အားအလေးနီပြုကြောင်း ဒေါင်းလုလင် -LPDF ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒေါင်းလုလင် – LPDF တပ်ဖွဲ့သည် စစ်အာဏာသိမ်းချိန်မှစ၍ ယခုထက်တိုင် စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသော ယင်းမာပင်မြို့နယ်အခြေပြု‌ဒေသခံပြည့်သူကာကွယ်ရေးတပ်မတော်(LPDF)ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)နှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ၁ ရက်ကအချိတ် အဆက်ရခဲ့သည်။

တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်တွင် ဗဟိုအမိန့်ပေးစနစ်(Chain Of Command)ကိုလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ၊စစ်သည်တော်ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးသွားမည်​ဖြစ်ကြောင်း၊ ဒေါင်းလုလင် – LPDF အနေဖြင့်ဒေသခံပြည်သူတို့၏ လုံခြုံရေးကိုအထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာ ရှင်စနစ်ကိုအမြတ်ပြတ်ချေမှုန်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စု ပေါ်ပေါက်လာသည်အထိ တော်လှန်ရေးအရှိန်မြင့်၍တိုက်ပွဲဝင်သွားမည်ဟု သစ္စာပြုကြောင်း ဒေါင်းလုလင် – LPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။