Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် ဒေါင်းလုလင်-LPDFမှ လူငယ်ရဲဘော်နှစ်ဦး မ​တော်တဆ ကျဆုံးခဲ့ရ

စစ်အာဏာရှင်စနစ်ကို ရဲရဲဝင့်ဝင့် ဆန့်ကျင်တော်လှန်ရင်း အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အားအလေးနီပြုကြောင်း ဒေါင်းလုလင် -LPDF ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် ဒေါင်းလုလင် -LPDF မှ လူငယ်ရဲဘော်နှစ်ဦး လက်နက်ကြီးစမ်းသပ်စဥ်နှင့် လက်နက်ချို့ယွင်းမှုဖြစ်စဥ်တို့တွင် ကျဆုံးခဲ့ရသည်။

ဒေါင်းလုလင် -LPDF ၏ တပ်စု(၁)မှ အသက် (၂၆)နှစ်အရွယ် ရဲဘော်ကျော်မြင့်ဌေးသည်၆၀ မမလက်နက်ကြီးစမ်းသပ်ရင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က ကျဆုံးခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ဒေါင်းလုလင် -LPDF ၏ တပ်စု (၂)မှ အသက် (၂၃)နှစ်အရွယ် ရဲဘော်ဇော်နိုင်ထွန်းသည် လက်နက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီး ကျဆုံးခဲ့ကြောင်း၊ ၎င်းတို့သည် စစ်အာဏာရှင်ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းလုလင် -LPDF က ထုတ်ပြန်သည်။

ဒေါင်းလုလင် -LPDF အနေဖြင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း၊ အာဇာနည်ရဲဘော်၏ ဆောင်ရွက်နေဆဲဖြစ်သော စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရန်နှင့် ကျန်ရှိနေသောတာဝန်များကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဟု ဒေါင်းလုလင်-LPDF က ကတိပြုသည်။

Public Service Announcement

စစ်အာဏာရှင်စနစ်ကို ရဲရဲဝင့်ဝင့် ဆန့်ကျင်တော်လှန်ရင်း အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အားအလေးနီပြုကြောင်း ဒေါင်းလုလင် -LPDF ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒေါင်းလုလင် – LPDF တပ်ဖွဲ့သည် စစ်အာဏာသိမ်းချိန်မှစ၍ ယခုထက်တိုင် စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသော ယင်းမာပင်မြို့နယ်အခြေပြု‌ဒေသခံပြည့်သူကာကွယ်ရေးတပ်မတော်(LPDF)ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)နှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ၁ ရက်ကအချိတ် အဆက်ရခဲ့သည်။

တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်တွင် ဗဟိုအမိန့်ပေးစနစ်(Chain Of Command)ကိုလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ၊စစ်သည်တော်ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်သုံးသွားမည်​ဖြစ်ကြောင်း၊ ဒေါင်းလုလင် – LPDF အနေဖြင့်ဒေသခံပြည်သူတို့၏ လုံခြုံရေးကိုအထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာ ရှင်စနစ်ကိုအမြတ်ပြတ်ချေမှုန်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စု ပေါ်ပေါက်လာသည်အထိ တော်လှန်ရေးအရှိန်မြင့်၍တိုက်ပွဲဝင်သွားမည်ဟု သစ္စာပြုကြောင်း ဒေါင်းလုလင် – LPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။