Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံ (၃၂)ရပ်ကွက်မှ ပျူ​စောထီးအဖွဲ့ဝင် ဆယ်အိမ်မှူး ရှင်းလင်းခံရ

စစ်အာဏာရှင်တော်လှန်ရေးတက်ကြွ လူငယ်များကိုလည်း သတင်းပေးဖမ်းဆီးစေခြင်းအပါအဝင် ပြည်သူများစိတ်သောက ရောက်နေရသည့်အတွက် သတင်းပေးတိုင်ကြားသဖြင့် ရှင်းလင်းခဲ့ရသည်ဟုလည်း SBF က အတည်ပြုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်(၃၂)ရပ်ကွက်မှ ပျူစောထီးအဖွဲ့ဝင် ဆယ်အိမ်မှူးကို ရှင်းလင်းခဲ့ကြောင်း Spring Brothers Force က အသိ​ပေးသည်။

ယနေ့(ဧပြီ ၂ရက်)နေ့လယ် ၁၁နာရီ မိနစ်၅၀ခန့်က ဆယ်အိမ်မှူး စန်းမင်းထွန်းကို ကျည်ခြောက်တောင့်ဖြင့် ငရဲသို့ ပို့ပေးလိုက်သည်ဟု SBFက ဆိုသည်။

“ရင်ဝ တွေကို ပစ်ခံရတာ။၁၅ မိနစ်လောက်ပဲကြာတယ်။ရဲနဲ့ စစ်သားတွေရောက်လာတယ်။ပြီးတော့ စန်းမင်းထွန်းကို ဆေးရုံကားနဲ့ခေါ်သွားတယ်”ဟု (၃၂)ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဆန်းမင်းထွန်းသည် ပျူစောထီးတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထောင်တိုင်ဖြစ်လာကာ ရပ်ကွက်အတွင်း ၎င်းဦးစီး၍ ကန်တော့ပွဲပေးသည်ကို ရပ်ကွက်နေသူများက မီဒီယာများထံဖြန့်ဝေသဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု မြောက်ဒဂုံမြို့နယ်သတင်းမှန်ပြန်ကြားရေးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးတက်ကြွ လူငယ်များကိုလည်း သတင်းပေးဖမ်းဆီးစေခြင်းအပါအဝင် ပြည်သူများစိတ်သောက ရောက်နေရသည့်အတွက် သတင်းပေးတိုင်ကြားသဖြင့် ရှင်းလင်းခဲ့ရသည်ဟုလည်း SBF က အတည်ပြုသည်။

သို့​သော် ဆန်းမင်းထွန်း သေပြီဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း လူထုနွေဦးအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

သတင်း

ကျုံးတောင်ဘက်ခြမ်း. ၂၆ လမ်းနဲ့ ၂၇ လမ်း ၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြား စော်ဘွားဝန်း မှာရှိတဲ့ ၂ ထပ်တိုက်ပေါ် လက်နက်ကြီးကျရောက်တာလို့ဆိုပါတယ်။

သတင်း

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ည ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်၌ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဥ်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။