Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံ (၃၂)ရပ်ကွက်မှ ပျူ​စောထီးအဖွဲ့ဝင် ဆယ်အိမ်မှူး ရှင်းလင်းခံရ

စစ်အာဏာရှင်တော်လှန်ရေးတက်ကြွ လူငယ်များကိုလည်း သတင်းပေးဖမ်းဆီးစေခြင်းအပါအဝင် ပြည်သူများစိတ်သောက ရောက်နေရသည့်အတွက် သတင်းပေးတိုင်ကြားသဖြင့် ရှင်းလင်းခဲ့ရသည်ဟုလည်း SBF က အတည်ပြုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်(၃၂)ရပ်ကွက်မှ ပျူစောထီးအဖွဲ့ဝင် ဆယ်အိမ်မှူးကို ရှင်းလင်းခဲ့ကြောင်း Spring Brothers Force က အသိ​ပေးသည်။

ယနေ့(ဧပြီ ၂ရက်)နေ့လယ် ၁၁နာရီ မိနစ်၅၀ခန့်က ဆယ်အိမ်မှူး စန်းမင်းထွန်းကို ကျည်ခြောက်တောင့်ဖြင့် ငရဲသို့ ပို့ပေးလိုက်သည်ဟု SBFက ဆိုသည်။

“ရင်ဝ တွေကို ပစ်ခံရတာ။၁၅ မိနစ်လောက်ပဲကြာတယ်။ရဲနဲ့ စစ်သားတွေရောက်လာတယ်။ပြီးတော့ စန်းမင်းထွန်းကို ဆေးရုံကားနဲ့ခေါ်သွားတယ်”ဟု (၃၂)ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဆန်းမင်းထွန်းသည် ပျူစောထီးတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထောင်တိုင်ဖြစ်လာကာ ရပ်ကွက်အတွင်း ၎င်းဦးစီး၍ ကန်တော့ပွဲပေးသည်ကို ရပ်ကွက်နေသူများက မီဒီယာများထံဖြန့်ဝေသဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု မြောက်ဒဂုံမြို့နယ်သတင်းမှန်ပြန်ကြားရေးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးတက်ကြွ လူငယ်များကိုလည်း သတင်းပေးဖမ်းဆီးစေခြင်းအပါအဝင် ပြည်သူများစိတ်သောက ရောက်နေရသည့်အတွက် သတင်းပေးတိုင်ကြားသဖြင့် ရှင်းလင်းခဲ့ရသည်ဟုလည်း SBF က အတည်ပြုသည်။

သို့​သော် ဆန်းမင်းထွန်း သေပြီဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း လူထုနွေဦးအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။